အိုင်တီနယ်ပယ်မှာ Professional
တစ်ယောက်အဖြစ် ရပ်တည်ဖို့ အတွက် အဓိက ဝင်ငွေကောင်းတဲ့ ဘာ သာရပ် တွေထဲမှာ
Web Developer ဟာလည်း တစ်ခု အပါအဝင် ဖြစ်ပါတယ်။ Web Developer ဟာ မြန်မာ
နိုင်ငံလို အိုင်တီ နည်းပညာ လိုအပ်ချက်များ ဖွံ့ဖြိုးတိုးတက်စ နိုင်ငံလို
မျိုးမှာတောင် အလုပ်အကိုင် အခွင့် အလမ်း များပါတယ်။ Web Design ဆွဲ တဲ့
ကုမ္ပဏီတွေမှာ ဝင်ရောက် အလုပ်လုပ်နိုင်သလို ကိုယ်ပိုင် Free leance
တစ်ယောက် အနေနဲ့လည်း ရပ်တည်နိုင်ပါတယ်။ ပြည်တွင်းမှာ အိုင်တီနဲ့
ပတ်သက်ပြီး web Developer လမ်းကြောင်းဟာ ဖွံ့ဖြိုးမှု အားနည်း နေသေးပေမယ့်
အင်တာနက် နည်းပညာ ဖွံ့ဖြိုးတိုးတက် လာတာနဲ့အမျှ Developer တွေရဲ့အလုပ်
အကိုင်ဟာလည်း ကောင်းမွန် လာပါလိမ့်မယ်။ ဒါကြောင့် web Developer အဖြစ် အ
သက်မွေးဝမ်းကျောင်း အဖြစ် ရပ်တည် လိုသူများအတွက် မသိမဖြစ် တက်ထားရမည့်
လိုအပ်ချက်များ နှင့် ပတ်သက်ပြီး IMCS မှ မန်နေဂျင်း ဒါရိုက်တာ
ဆရာကောင်းမြတ်ပိုင် ကို တွေ့ဆုံမေးမြန်း ဖြစ်ခဲ့ပါတယ်။
Web
Developer တစ်ယောက် အဖြစ် စတင် ရပ်တည်တော့မယ် ဆိုရင် ပထမဆုံး ဆန်းစစ်ရမှာ
ကတော့ ကိုယ်တိုင် ဒီလမ်းကြောင်းမှာ တကယ် ဝါသနာ ပါတာလား၊ လေ့လာလို
စိတ်ပြင်းပြ တာလားဆိုတာ အရင် ဆန်းစစ် လေ့လာ သင့်ပါတယ်။ ဒါမှသာ မိမိ
လျှောက်လှမ်းမယ့် လမ်းကြာင်းမှာ အချိန်ကုန် လူပန်း၊ ငွေကုန် မဖြစ်ဘဲ
မြန်မြန်နဲ့ မှန်မှန် တက်လှမ်းနိုင်မှာ ဖြစ်ပါတယ်။ Web Developer
တစ်ယောက်အဖြစ် ရပ်တည်တော့ မယ်ဆိုရင် ပထမဆုံး တက်ရမယ့် သင်တန်းကတော့
ပြည်တွင်းမှာ Web Essential အဖြစ် သင်ကြားပို့ချ ပေးနေကြတဲ့ Web
Developing သင်တန်းပဲ ဖြစ်ပါတယ်။ ဒီဘာသာရပ်ဟာ Developer တစ်ယောက်ဖြစ်ဖို့
အတွက် အခြေခံ သိရှိ နားလည်မှုများ၊ Theory ပိုင်းနဲ့ Web နဲ့ ပတ်သက်တဲ့
Content ပိုင်းတွေကို သင်ကြားပေးမှာ ဖြစ်လို့ Web Developer ဖြစ်ဖို့
အတွက် အခြေခံကောင်းကောင်း ရနိုင်ပြီး Professional လမ်းကြောင်း အတွက်
ဖြောင့်ဖြူး နိုင်မှာပါ။ Web အပိုင်းမှာ ပြည်တွင်းမှာပဲ ဖြစ်ဖြစ် ပြည်ပ
မှာပဲဖြစ်ဖြစ် website တွေကို ပုံစံနှစ်မျိုးနဲ့ ရေးဆွဲနိုင် ကြောင်းကို
ဆရာကောင်းမြတ်ပိုင် က "အဓိကရေးဆွဲကြတာ ကတော့ Static Web Page ရယ်၊ Dynamic
Web Page ရယ်ဆိုပြီး နှစ်မျိုး ရေးဆွဲနိုင်ပါ တယ်။ ဒီ Static နဲ့ Dynamic
ကို အ ကြမ်းအားဖြင့် ပြောရရင် Static Web Page ဆိုတာက Company တွေ၊
အနုပညာရှင်တွေ အစရှိတဲ့ သူတွေ အတွက် ပြည်တွင်းမှာ အဆွဲများပြီး user name
မပါ၊ password မပါ၊ Data Base မပါဘဲ ရိုးရိုးသာမန် information
သီးသန့်ပေးချင်တဲ့ website တွေမှာ အဆွဲများပါတယ်။ ဒီမှာ အလှအပ flash တွေထဲ
သုံးထားကြ တာများပါတယ်။
နောက်
Dynamic web page မှာကတော့ အဖွဲ့အစည်း တစ်ခု၊ အခြားနိုင်ငံတကာ အဖွဲ့
အစည်းလိုမျိုး လူအများ အသုံးပြုနိုင် တဲ့ web page တွေကို ဆွဲကြပါတယ်။
အဲလိုမျိုး ဆိုက်တွေမှာ Special Language တွေအဖြစ် ASP. Net, PHP,
Java.Net အစရှိတဲ့ Language တွေနဲ့ မိမိသန်ရာ ကြိုက်နှစ်သက်ရာနဲ့
ဆွဲနိုင်တယ်" ဟု web site များ ရေးဆွဲရာတွင် ရေး ဆွဲရသည့် static နှင့်
dynamic နှစ်မျိုး အကြောင်း ရှင်းပြခဲ့ပါ တယ်။ Web Developer တစ်ယောက်
ဖြစ်ဖို့အတွက် coding ရေးတတ်ရုံနဲ့ ရနိုင်မည်မဟုတ်ဘဲ ဒီဇိုင်းနည်းပညာ
ဆိုင်ရာ အမြင်များလည်း လိုအပ်ကြောင်းကို ဆရာကောင်းမြတ်ပိုင် က "web page
တစ်ခုကို ဒီဇိုင်းစ ဆွဲတော့မယ် ဆိုရင် ကိုယ်ဆွဲမယ့် web site ဟာ ဘယ်လို
အမျိုးအစား လဲဆိုတာ သိထားဖို့ လိုပါတယ်။ Static တွေ ဆွဲမယ် ဆိုရင်
ရိုးရှင်းပြီး သပ်ရပ်တဲ့ ပုံစံကို ယူနိုင်ပြီး flash တွေကို အများကြီး
မသုံးဘဲ လိုအပ် သလောက် သုံးသင့် ပါတယ်။ Entertainment လိုမျိုးတွေဆိုရင်
ဒီဇိုင်းပိုင်း က အရမ်းကို အရေးကြီးလာပါပြီ။ ဘာသာရေးနဲ့ဆိုင်လား။ ဒါဆိုရင်
တခြားဆိုက်တွေနဲ့ မတူတဲ့ အမြင်တွေ လိုအပ်ပါတယ်" ဟု web page များ
ရေးဆွဲရာတွင် လိုအပ်သော ဒီဇိုင်းအမြင် အရေးကြီးပုံကို ရှင်းပြခဲ့ ပါတယ်။
Web
Essential သင်တန်းကို တက်ရောက်မည် ဆိုပါက သင်တန်း course များအတွင်း
လေ့လာနိုင်မည့် units များအဖြစ် web page များ၏ အခြေခံ မသိမဖြစ်၊
မရှိမဖြစ် HTML, CSS, My SQL တို့ကို လေ့လာရမှာ ဖြစ်ပြီး ကိုယ်ရေး
ကိုယ်တာဆိုက် တစ်ခုကို အွန်လိုင်းပေါ်မှာ တင်နိုင်ဖို့ အတွက် server
ပိုင်းတွေအကြောင်း လေ့လာနိုင် မှာ ဖြစ်ပါတယ်။ server ပိုင်းတွင်လည်း
windows server, Linux server များ၏ ကွာခြားချက် အလုပ်လုပ်ပုံ
များအကြောင်း ကိုယ့်အတွက် အသုံးပြုသင့်၊ သတိထား သင့်သည့် အချက်များကို
လေ့လာ နိုင်မှာ ဖြစ်ပါတယ်။ Static web page တွေမှာ အများဆုံး အသုံးများတဲ့
flash နည်းပညာ အကြောင်း web page တွေကို အလွယ်ကူဆုံးနဲ့ အသက်သာဆုံး
ရေးဆွဲနိုင်သော Dream weave အကြောင်းတို့ အပြင် website တစ်ခုကို
ကိုယ်ဆွဲမည့် အမျိုးအစား အလိုက် layoutချပုံများ၊ tamplate ပိုင်း
စဉ်းစားပုံ စဉ်းစားနည်းများ ကို လေ့လာ ရနိုင် ပါတယ်။
Web
Page တစ်ခုရေးဆွဲရာ တွင် အရေးအကြီးဆုံး အပိုင်းဖြစ် သော coding ၏
နိုင်ငံတကာ စံနှုန်း များအကြောင်း Coding ရေးဆွဲရာ တွင် အများဆုံး
အသုံးချသည့် Notepad, Netpad++ များနှင့် အခြားအမျိုး အစား များအကြောင်း၊
Domain အမျိုးအစားများနှင့် Business အလိုက် ခွဲခြား ပုံများအကြောင်း၊
website တစ်ခု အောင်မြင်ဖို့အတွက် မရှိမဖြစ်သိရှိ နားလည်ထားရမည့် Search
Engine Optimization (SEO) အကြောင်းများ၊ FTP & Channel ကို
အသုံးပြုပုံပြု နည်းများအကြောင်း၊ Website များ ကို အရေးပေါ် တိုက်ခိုက်
ခံရပါက အလွယ်တကူ ပြန်လည်ပြုပြင်ထိန်း သိမ်းနိုင်ရန်အတွက် Backup လုပ်
ခြင်း နည်း များနှင့် Restore ပြန်လုပ် ခြင်းများ၊ Website ကို clone
ပွားခြင်း များကို သင်ကြားနိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် Web Developer
တစ်ယောက်အတွက် မရှိမဖြစ်လိုအပ် လာသော Web Essentional သင် တန်းကို
တက်ရောက်မှသာ အိုင်တီ လောကတွင် Web Developer တစ်ယောက် အဖြစ်ရပ်တည်နိုင်
မှာ ဖြစ်ပြီး ပြည်တွင်း ၊ပြည်ပမှာ အလုပ်လုပ်ရင် အခြေခံကောင်းများစွာ
ရရှိနိုင်မှာဖြစ် ပါကြောင်း တင်ပြလိုက်ပါတယ်။ (ပေါင်းတည်သားထံမှ ကူးယူတင်ပြလိုက်သည်)
No comments:
Post a Comment