Photoshop ကိုဖွင့်လိုက်ပါ။ သင့်ရဲ့ဘယ်ဘက်ခြမ်းမှာ ခဲတံတွေ
ဓားတွေ လက်တွေနဲ့ ဘာမှန်းမသိရှုပ်ပွနေတဲ့ ဒေါင်လိုက်အတန်းလေးကို Toolbox
လို့ခေါ်ပါတယ်။ သင့်ပုံတွေကိုလှီးဖြတ်ခွဲစိတ်ပြုပြင်မယ့် ကိရိယာတွေရှိတဲ့
နေရာပေါ့။ ၄င်း Toolbox ရဲ့ အပေါ်က အလျားလိုက်အတန်းလေးကိုတော့ Options Bar
လို့ခေါ်ပြီး Options Bar ရဲ့အပေါ်အတန်းကိုတော့ Menu Bar လို့ခေါ်ပါတယ်။
ညာဘက်ကအုပ်စုကတော့ Palettes တွေပေါ့။ ကဲပိုပြီးရှင်းသွားအောင်
အောက်ကပုံလေးကိုကြည့်လိုက်ပါ။
အကယ်၍မြင်ကွင်းမှာ
Toolbox ၊ Options Bar နှင့် Palettes ကရှုပ်နေလို့
ခဏဖြောက်ထားချင်တယ်ဆိုရင် ကီဘုတ်က Tab ကိုတစ်ချက်နှိပ်လိုက်။ ဒါမှမဟုတ်
Palettes ကိုပဲဖြောက်ထားချင်တယ်ဆိုရင်တော့ Shift နဲ့ Tab ကိုနှိပ်။
ပြန်ဖော်ချင်တယ်ဆိုရင်တော့ ပြန်နှိပ်လိုက်ပေါ့။
Canvas အသစ်တစ်ခုယူခြင်း
Menu Bar ပေါ်က File » New ကိုနှိပ်လိုက်ရင် အောက်ပါ Dialog Box လေးပေါ်လာပါလိမ့်မယ်။
Name
နေရာမှာတော့ပေးချင်တဲ့နာမည်ပေး အခုမပေးချင်လည်း ဖိုင်သိမ်း(Save)မှ
ပေးလည်းရတယ်။ Preset နေရာမှာတော့ ကိုယ်ဘယ်အရွယ်အစားလိုချင်လဲ ဥပမာ A4
ဆိုဒ်လိုချင်တယ်ဆိုရင် International Paper ကိုရွေးပြီး Size နေရာမှာ A4
ကိုရွေးလိုက်၊ ဓာတ်ပုံထုတ်ဖို့ဆိုရင် Preset မှာ Photo ကိုရွေးပြီး size
မှာကိုယ်လိုချင်တဲ့အရွယ်ကိုရွေး၊ Web အတွက်ဆိုရင်လဲ Preset ကို Web
ထားပြီး size နေရာမှာကိုယ်လိုချင်တဲ့ အရွယ်ကိုရွေး ၊ ကိုယ့်ဘာသာကို
ကိုယ်ကြိုက်တဲ့အရွယ်အစားလုပ်ယူမယ်ဆိုရင်တော့ With နေရာမှာကိုယ်လိုချင်
တဲ့အကျယ်နှင့် Height နေရာမှာ ကိုယ်လိုချင်တဲ့အမြင့်တန်ဖိုး
ရိုက်ထဲ့နိုင်ပါသည်။ With နှင့် Height ဘေးမှာတော့ pixels, inches, cm,
mm, points, picas ဆိုပြီးသင်ကြိုက်ရာတန်ဖိုး ပြောင်းယူနိုင်ပါတယ်။
Resolution(ပုံရိပ် ကွဲပြားမှု၊ ပြတ်သားမှု)
Resolution
ဆိုတာကတော့ ပုံတစ်ပုံရဲ့တစ်လက်မအတွင်းမှာရှိတဲ့ pixels အရေအတွက်ကိုပြောတာ။
Resolution ဟာပုံတစ်ပုံရဲ့အရည်အသွေးကိုဆုံးဖြတ်ပေးတယ်။
Resolution နည်းရင်ပုံရဲ့အရည်အသွေးညံ့မယ် Resolution များရင် ပုံအရေအသွေး ကောင်းသလို Memory အသုံးပြုမှုလည်းများလိမ့်မယ်။ ကျွန်တော်တို့အများဆုံးတွေ့မြင်ရတဲ့ ဓာတ်ပုံတွေ မဂ္ဂဇင်းတွေမှာတော့ Resolution 150 ppi ကနေ 300 ppi အထိသုံးကြတယ်။ ကျွန်တော်တို့တွေသုံးနေတဲ့ မော်နီတာတွေ ကတော့ 72 ppi ပဲရှိတယ်။ ဒါကြောင့်သင်ဟာ Web အတွက်အသုံးပြုမယ်ဆိုရင် 72 ppi ထားပြီးသုံးနိုင်တယ်။ အကယ်၍ high-quality color inkjet သို့မဟုတ် laser printer နဲ့ထုတ်မယ်ဆိုရင်တော့ 200 ppi ကနေ 300 ppi အထိ ထားနိုင်တယ်။ အကယ်၍ ဗီနိုင်း Billboard တွေလုပ်မယ်ဆိုရင်တော့ Resolutio 72 ppi လောက်ထားရင်ရတယ်။ Resolution တန်ဖိုးဖြည့်ပြီးရင်တော့ Background Contents မှာ ကိုယ်လိုချင်တဲ့ Canvas အရောင်ရွေးနိုင်တယ်။ အခုတော့ အဖြူရောင်ပဲထားပြီး OK နှိပ်လိုက်ပါ။ OK နှိပ်ပြီးရင်တော့ သင်ရွေးချယ်ခဲ့သော Window အသစ်တစ်ခုပေါ်လာပြီး ၄င်း Window ကို active window လို့ခေါ်၍ windows အတွင်းရှိ အဖြူရောင်အပိုင်း ကိုတော့ Canvas လို့ခေါ်ပါတယ်။
Resolution နည်းရင်ပုံရဲ့အရည်အသွေးညံ့မယ် Resolution များရင် ပုံအရေအသွေး ကောင်းသလို Memory အသုံးပြုမှုလည်းများလိမ့်မယ်။ ကျွန်တော်တို့အများဆုံးတွေ့မြင်ရတဲ့ ဓာတ်ပုံတွေ မဂ္ဂဇင်းတွေမှာတော့ Resolution 150 ppi ကနေ 300 ppi အထိသုံးကြတယ်။ ကျွန်တော်တို့တွေသုံးနေတဲ့ မော်နီတာတွေ ကတော့ 72 ppi ပဲရှိတယ်။ ဒါကြောင့်သင်ဟာ Web အတွက်အသုံးပြုမယ်ဆိုရင် 72 ppi ထားပြီးသုံးနိုင်တယ်။ အကယ်၍ high-quality color inkjet သို့မဟုတ် laser printer နဲ့ထုတ်မယ်ဆိုရင်တော့ 200 ppi ကနေ 300 ppi အထိ ထားနိုင်တယ်။ အကယ်၍ ဗီနိုင်း Billboard တွေလုပ်မယ်ဆိုရင်တော့ Resolutio 72 ppi လောက်ထားရင်ရတယ်။ Resolution တန်ဖိုးဖြည့်ပြီးရင်တော့ Background Contents မှာ ကိုယ်လိုချင်တဲ့ Canvas အရောင်ရွေးနိုင်တယ်။ အခုတော့ အဖြူရောင်ပဲထားပြီး OK နှိပ်လိုက်ပါ။ OK နှိပ်ပြီးရင်တော့ သင်ရွေးချယ်ခဲ့သော Window အသစ်တစ်ခုပေါ်လာပြီး ၄င်း Window ကို active window လို့ခေါ်၍ windows အတွင်းရှိ အဖြူရောင်အပိုင်း ကိုတော့ Canvas လို့ခေါ်ပါတယ်။
Canvas Size ပြောင်းခြင်း
အကယ်၍သင်ဟာ
canvas အရွယ်အစား ပြန်ပြောင်းချင်တယ်ဆိုရင်တော့ Menu Bar မှာရှိတဲ့ Image
» Canvas Size ကိုဖွင့်ပါ။အပေါ်ဆုံးက Current Size ဆိုတာကတော့
လက်ရှိဖွင့်ထားတဲ့ canvas အရွယ်ကိုဖော်ပြ ထားခြင်းဖြစ်ပြီး အောက်က New
Size နေရာမှာတော့သင်လိုချင်တဲ့ Canvas အရွယ် တန်ဖိုးကိုရိုက်ထဲ့ရန်ဖြစ်
ပါတယ်။ အကယ်၍ Relative ကိုအမှန်ခြစ်ထားမယ်ဆိုရင်တော့
သင်တိုးချင်တဲ့တန်ဖိုးကိုသာရိုက်ထည့်ပေးရန် လိုပါတယ်။ ဥပမာ လက်ရှိ Canvas
က အကျယ်(Width) ၇ လက်မ(inches) x အမြင့် (Height) ၅ လက်မ ရှိတယ်ဆိုပါစို့
သင်ကအကျယ်ကို ၈ လက်မ နှင့်အမြင့်ကို ၅.၅ လက်မ သို့ပြောင်းချင်တယ်ဆိုရင်
Width နေရာမှာ ၁ လက်မနှင့် Height နေရာမှာ ၀.၅ လက်မရိုက်ပေးရမှာပါ။
Relative ကိုအမှန်မခြစ်ထားရင်တော့ ကိုယ်ပြောင်းမယ့်တန်ဖိုး Width ၈
လက်မနှင့် Height ၅.၅ ကိုရိုက်ထဲ့ပေးရမှာပါ။ Anchor ကတော့ ကိုယ်က
ဘေးပတ်ပတ်လည်ကို ချဲ့ချင်လား အပေါ်ဘက်ကိုလား အောက်ဘက်ကိုလားဆိုတာ
ရွေးပေးဖို့ပါ။
Canvas extension color နေရာမှာတော့ canvas အရောင်ကိုရွေးချယ်နိုင်တယ်။ ကဲပိုပြီးရှင်းသွားအောင်အောက်ကပုံတွေကိုကြည့်လိုက်ရအောင်
Toolbox
တစ်ချို့
tool icon လေးတွေရဲ့ညာဘက်အောက်ထောင့်လေးမှာ အမဲရောင်တြိဂံပုံလေးကို
တွေ့ပါလိမ်မယ်။ ၄င်းတြိဂံပုံလေးအား Click ဖိထားခြင်းအားဖြင့်၎င်း tool
နှင့်အမျိုးအစားတူတဲ့ အခြား tools တွေကိုလည်း တွေ့နိုင်ပါတယ်။
Selection Tools များ
Tool
Box ရဲ့အပေါ်ဆုံးကအုပ်စုကို Selection Tools လို့ခေါ်တယ်။ Selection tool
ကို Marquees, Lassos နှင့် Quick Selection tool ဆိုပြီး
အမျိုးအစားသုံးမျိုးခွဲထားတယ်။ ပုံတစ်ပုံကို ပြုပြင်ရန် သို့မဟုတ်
ဖျက်ထုတ်ရန်အတွက် လိုအပ်သောအစိတ်အပိုင်းကို ရွေးချယ်နိုင်ရန် Selection
Tools ကိုအသုံးပြုပါတယ်။ Marquees နှင့် Lassos က click
နှိပ်၍လိုချင်တဲ့ပုံပေါ် drag ဆွဲပြီးSelect လုပ်ပါတယ်။ Select လုပ်ထားသော
ဧရိယာကို အဖြူအမဲမှိတ်တုတ်မှိတ်တုတ်ဖြစ်နေသော ဘောင်အဖြစ်တွေ့
မြင်နိုင်ပါမည်။
Quick Selection tool
ကတော့ Photoshop CS3 မှာအသစ်ထည့်တွင်းထားတဲ့ tool အသစ်ဖြစ်ပြီး အရင်
photoshop တွေမှာ သုံးခဲ့တဲ့ Magic Wand tool
ကဲ့သို့တန်ဖိုးတူအရောင်တွေကို Select လုပ်ပါတယ်။ Quick Selection tool
ကတော့ select လုပ်ချင်တဲ့နေရာကို စုတ်တံနှင့်ဆွဲသလိုမျိုး Click
ဖိပြီးဆွဲသွားရုံပါပဲ။
Magic Wand tool ကတော့ select လုပ်ချင်တဲ့နေရာကို Click တစ်ချပ်နှိပ်ရုံဖြင့် အရောင်တန်ဖိုးတူတဲ့ နေရာတွေကို select လုပ်ပေးသွားပါလိမ့်မယ်။
(Selection tool တစ်ခုချင်းစီရဲ့ အသုံးပြုပုံ အသေးစိတ်ကို အခန်း-၂ တွင်ကြည့်နိုင်ပါသည်။)
(Selection tool တစ်ခုချင်းစီရဲ့ အသုံးပြုပုံ အသေးစိတ်ကို အခန်း-၂ တွင်ကြည့်နိုင်ပါသည်။)
Crop tool
ကိုပုံရော canvas ရောဖြက်ထုတ်ရာတွင်သုံးပါတယ်။ Crop tool နဲ့ select
လုပ်ထားတဲ့ selection ဧရိယာမှအပ ဧရိယာအပြင်ပိုင်းမှာရှိတဲ့ ပုံရော canvas
ပါမကျန်အကုန်ဖြက်ထုတ်သွားပါလိမ့်မည်။
Slice tool ကတော့ အထူးသဖြင့် web graphics အတွက်အသုံးပြုဖို့ပါ။ webအတွက်အသုံးပြုမယ့် ပုံတွေကို ပိုင်းဖျက်ရာတွင် Slice tool ကိုသုံးပါတယ်။
(အထက်ပါ Tools များအသုံးပြုပုံကို နောက်ပိုင်းတွင် အခန်းစဉ်ဖြင့် အသေးစိတ် ဖော်ပြပေးသွားပါမည်။)
(အထက်ပါ Tools များအသုံးပြုပုံကို နောက်ပိုင်းတွင် အခန်းစဉ်ဖြင့် အသေးစိတ် ဖော်ပြပေးသွားပါမည်။)
Painting Tools
Painting
Tools မှာတော့ Brush ၊ Pencil နဲ့ Clone Stamp တို့ကို screen
ပေါ်မှာဆေးချယ်မှုန်းသလို နည်းလမ်းအမျိုးမျိုးဖြင့်ရေးဆွဲအသုံးပြုနိုင်ပါတယ်။
Brush Tool
ကိုတော့စုတ်တံနှင့်ရေးဆွဲသကဲ့သို့အသုံးပြုနိုင်သလို Tool Option Bar က
airbrush ကိုဖွင့်၍ တကယ့်မှုတ်ဆေးနှင့်ဖြန်းသလိုမျိုးလည်း
အသုံးပြုနိုင်ပါတယ်။ Brush ပုံစံအမျိုး ၊ Brush
အထူးပြုလုပ်ချက်အမျိုးမျိုးတို့ကိုလည်း Brush Preset
တွင်ပြောင်းပေးနိုင်သလို ကိုယ်ပိုင် Brush ပြုလုပ်၍လည်း
သိမ်းဆည်းထားနိုင်တယ်။
Pencil Tool ကတော့ ခဲတံနဲ့ဆွဲသကဲ့သို့ အနားသက်အစွန်းများ တိကျပြတ်သားပြီး Brush Tool ကတော့တိကျပြတ်သားမှုအားနည်းပါတယ်။ Special brush ဖြစ်တဲ့ Color Replacement tool ကိုတော့ အရောင်တွေ ကူးပြောင်းပေးရာတွင် သုံးပါတယ်။
Clone Stamp tool ကိုတော့ ကိုယ်ရွေးချယ်ထားသော နေရာမှ အစိတ်အပိုင်းကို အခြားနေရာတွင် ပုံတူပွားရာ၌ အသုံးပြုပါတယ်။ ပုံတွေကိုဖျက်ရာတွင် Eraser Tool ကို Brush shapes ပုံစံအမျိုးမျိုးအသုံးပြုနိုင်ပြီး ဖျက်နိုင်ပါတယ်။ Background Eraser Tool နှင့် Magic Eraser Tool
ကတော့ Quick Selection tool နှင့် Magic Wand tool ကဲ့သို့ တူညီသော အရောင်တန်ဖိုးများကို အလိုအလျောက် ရွေးချယ်ဖြတ်ထုတ် သွားပါလိမ့်မယ်။
နောက်ထပ် Painting Tools ထဲမှာပါဝင်တဲ့ Special retouching tools တွေကတော့ Healing Brush ၊ Spot Healing Brush ၊ Patch နှင့် Red Eye Tools တို့ပါပဲ။
ကတော့ Quick Selection tool နှင့် Magic Wand tool ကဲ့သို့ တူညီသော အရောင်တန်ဖိုးများကို အလိုအလျောက် ရွေးချယ်ဖြတ်ထုတ် သွားပါလိမ့်မယ်။
နောက်ထပ် Painting Tools ထဲမှာပါဝင်တဲ့ Special retouching tools တွေကတော့ Healing Brush ၊ Spot Healing Brush ၊ Patch နှင့် Red Eye Tools တို့ပါပဲ။
Healing Brush နှင့် Spot Healing Brush
တို့ဟာ ဓာတ်ပုံရှိသေးငယ်သောအစိတ်အပိုင်းများ ပြန်လည်ပြုပြင်ရာတွင် Clone
Stamp tool ထက်ပိုမိုကောင်းမွန်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ၄င်းTools
များဟာ အစက်အပြောက်များ ၊အမာရွတ်များ ပြုပြင်ဖယ်ထုတ်ရာမှာ ဘေးပတ်ပတ်လည်ရှိ
Pixel တွေကို အကျိုးသက်ရောက်မှု မဖြစ်စေလို့ပါပဲ။
Patch Tool ကတော့ ကြီမားတဲ့ အစိတ်အပိုင်းများ ပြန်လည်ပြုပြင်ရာတွင် နောက်ခံကိုသဟဇာတ ဖြစ်စေပါတယ်။ Red Eye tool
ကိုတော့ ကင်မရာရှိ flashgun ကြောင့်ဖြစ်ပေါ်လာသော
ဓာတ်ပုံတွင်မျက်လုံးနီခြင်း (တိရစ္ဆာန်များတွင်မျက်လုံးစိမ်းခြင်း)
တို့ကိုပြုပြင်နိုင်ပါသည်။
နောက်ထပ်အသုံးဝင်ပြီးစိတ်ဝင်စားစရာကောင်းတဲ့ Tool ကတော့ History Brush
ပါပဲ။ History Brush ဟာ History palette နှင့်တွဲဖက်လုပ်ဆောင်ပြီး History
palette တွင်ပြန်လည်ပြုပြင် လိုသောအဆင့် ကိုရွေး၍ Brush ဖြင
့်ပြုပြင်လိုသော အစိတ်အပိုင်းကိုသာ Redo သို့မဟုတ် Undo
ပြုလုပ်နိုင်ပါသည်။ Art History Brush ကိုတော့
စုတ်ချက်ပုံစံအမျိုးမျိုး၊အထူးပြုလုပ်ချက်များ ပြုလုပ်ရာတွင်
သုံးနိုင်ပါတယ်။
Gradient tool
ကိုအရောင်တစ်ခုမှတစ်ခုသို့
ရောင်ပြေးပုံစံအသုံးပြုနိုင်သလို ပုံရိပ်တစ်ခုနှင့် တစ်ခုထပ်ရာတွင်လည်း
အသုံးပြုပါတယ်။ Paint Bucket ကတော့ သင် select လုပ်ထားတဲ့ဧရိယာကို
ရေလောင်းသလို Foreground ရှိအရောင်ကို အပြည့်ဖြည့်ပေးသွားမှာပါ။
Blur tool ကိုတော့ပုံများကိုမှုန်ဝါးစေပြီး Sharpen tool ကတော့ပုံများကိုထင်ရှားပြတ်သားစေပါတယ်။ Smudge tool ကတော့ဆေးများပျံ့ပြီးစွန်းထင်းသွားသလို လုပ်ဆောင်ပါတယ်။
အရောင်များဖျော့၍ဖြူသွားစေရန် Dodge tool နှင့်အရောင်များရင့်၍မဲသွားစေရန် Burn tool ကိုသုံးနိုင်ပါတယ်။
အရောင်များဖျော့၍ဖြူသွားစေရန် Dodge tool နှင့်အရောင်များရင့်၍မဲသွားစေရန် Burn tool ကိုသုံးနိုင်ပါတယ်။
Sponge tool
ကိုတော့
အရောင်တောက်စေရန် သို့မဟုတ် မှိုင်းစေရန်ပြုလုပ် ရာတွင်သုံးပါတယ်။ ၄င်း
Tools များ အသုံးပြုပုံအသေးစိတ်ကို နောက်အခန်းများတွင် ပုံနှင့်တကွ
ဖော်ပြပေးသွားပါမယ်။
Type and Pen Tools
အင်္ဂလိပ်အခရာ “T” ပုံစံType tool ကိုတော့ပုံပေါ်မှာ စာတွေထည့်ဖို့အတွက် သုံးပါတယ်။ နောက်ဖောင်တိန်ပုံစံ Pen tool ကိုတော့ လိုင်းများ၊ Path လမ်းကြောင်းများဆွဲနိုင်သလို Shape ပုံသသ္ဌာန် အဖြစ်လဲ ရေးဆွဲနိုင်ပါတယ်။ ဆွဲထားပြီးသော Line နှင့် Shape အစိတ်အပိုင်းများကိုလည်း ပြန်လည်ပုံစံပြောင်းနိုင် သည့်အပြင် Selection ပုံစံအဖြစ်သို့လဲပြောင်းနိုင်ပါတယ်။ မြှားခေါင်းပုံအောက်က Shape tools အုပ်စုမှာပါဝင်တဲ့ rectangles, ellipses, polygons, နှင့် custom shapes များကတော့ Pen tool ကဲ့သို့ Shapes များ path လိုင်းများပြုလုပ်နိုင်ပါတယ်။ Line tool ဖြင့် မျဉ်းကြောင်း များဆွဲနိုင်ပြီး Shift ခလုပ်ဖိ၍ ၄၅ ဒီဂရီ ၉၀ ဒီဂရီ မျဉ်း ဖြောင့်များရေးဆွဲနိုင်ပါတယ်။
အကယ်၍သင်ဟာ
Canvas ပေါ်မှာမှတ်စုရေးချင်တယ်ဆိုရင်တော့ Notes tool ကိုအသုံးပြုနိုင်တယ်။
ကွန်ပျုတာမှာ microphone တပ်ထားတယ်ဆိုရင်တော့ဆန္ဒရှိရင် Audio annotation
tool ကိုသုံး၍ အသံပါ သွင်းယူမှတ်သားထားနိုင်ပါတယ်။ Print ထုတ်တဲ့အခါမှာ
သင့်ရေးသားထားတဲ့ Notes တွေကိုတော့ မြင်တွေ့ရမည်မဟုတ်ပါ။
Viewing Tools
ပုံတွေကို
အနီးကပ်ချဲ့ကြည့် သို့မဟုတ်အဝေးသို့ချုံ့ကြည့်ရန် Zoom tool ကိုသုံးပါတယ်။
Zoom tool ကိုလက်ကိုင်ပါ မှန်ဘီလူးပုံစံဖြင့် Tool box
တွင်တွေ့မြင်နိုင်မှာပါ။ Zoom tool ဖြင့်ပုံပေါ် Click နှိပ်ပြီး
ချဲ့ကြည့်နိုင်သလို ကိုယ်ချဲ့ကြည့်ခြင်သော အပိုင်းအား Click ဖိပြီး Drag
ဆွဲ၍လည်း ချဲ့ကြည့်နိုင်ပါသည်။ ပြန်ချုံ့ချင်တယ် ဒါမှမဟုတ်
ချုံ့ကြည့်ချင်တယ်ဆိုရင်တော့ Alt ဖိထားပြီး Click နှိပ်ပါ။
ပုံကိုအကြီးချဲ့ထားပြီးမမြင်ရပဲ အုပ်နေတဲ့အပိုင်းကို ရွှေ့ ပြီး
ကြည့်ချင်တယ်ဆိုရင် Toolbox မှာရှိတဲ့ လက်ဝါးပုံ Hand tool
ကိုအသုံးပြုပြီး ကြည့်နိုင်ပါတယ်။ အကယ်၍တခြား tool တစ်ခုခုကိုသုံးနေရင်း
ရွှေ့ကြည့်ချင်တယ်ဆိုရင်တော့ spacrbar ကိုဖိပြီးကြည့်နိုင်ပါတယ်။ ထို့အတူ
Ctrl + Spacebar နှိပ်၍ချဲ့ကြည့်ခြင်း Ctrl + Alt + Spacebar
နှိပ်၍ချုံ့ကြည့်ခြင်းများလည်း ပြုလုပ်နိုင်ပါတယ်။
(Ctrl + + , Ctrl + – သုံး၍လည်း မြင်ကွင်းကို ချဲ့နိုင် ချုံ့နိုင်ပါသေးတယ်။)
(Ctrl + + , Ctrl + – သုံး၍လည်း မြင်ကွင်းကို ချဲ့နိုင် ချုံ့နိုင်ပါသေးတယ်။)
Eyedropper
tool ကတော့ Click နှိပ်တဲ့နေရာမှာရှိတဲ့အရောင်ကို နမူနာအဖြစ်ယူထားပြီး
၎င်းယူထားသော အရောင်ဖြင့် ရေးဆွဲအသုံးပြုနိုင်ပါတယ်။ Color Sampler tool
ဖြင့် တစ်ကြိမ်ထဲမှာ အရောင်နမူနာ လေးနေရာအထိယူနိုင်၍ အချက်အလက်များကို
Info palette တွင်ကြည့်နိုင်ပါတယ်။ Ruler tool ကိုတော့ ပုံ၏ အရွယ် အစား၊
ပမာဏ၊ နှင့်ထောင့် ကို တိုင်းရာတွင်သုံးပါတယ်။ Click ဖိ၍ Drug
ဆွဲခြင်းဖြင့်ဖြစ်ပေါ်လာသော လိုင်းတစ်လိုင်း၏ အမှတ်နှစ်ခုကြားအကွာအဝေးကို
Info Palette တွင်တွေ့မြင်နိုင်မှာပါ။ ထောင့်များတိုင်းမယ်ဆိုရင်တော့ ပထမ
Ruler tool ဖြင့်မျဉ်းတစ်ကြောင်းဆွဲပါ။ အမှတ်နှစ်ခုမှ တစ်ခုခုပေါ် cursor
တင်ပါ။ ကီးဘုတ်မှ Alt ဖိထားပြီး Click နှိပ်၍ လိုချင်သော
ဦးတည်ရာဘက်သို့ဆွဲပါ။
Tool Shortcuts
Toolbox
ထဲက Tool အားလုံးကို icon ပေါ် Click နှိပ်၍ရွေးယူနိုင်ပါတယ်။ ဒါပေမယ့်
tool တွေ click မနှိပ်ပဲ အလွယ်တစ်ကူ ယူနိုင်မယ့်နည်းလမ်းကို Photoshop
ကပေးထားပါတယ်။ စာလုံးတစ်လုံးရိုက်ရုံဖြင့်လိုချင်သော Tool
ကိုပြောင်းယူနိုင်တဲ့ ဖြတ်လမ်းနည်းပါ။ Tool တွေရဲ့ Shortcut
တွေကိုအောက်မှာ ဖော်ပြပေးထားပါတယ်။ Toolbox ရှိအုပ်နေသော tool များ
ပြောင်းယူလိုပါက Shift ဖိထား၍ ၄င်း Tool Shortcut letter ကိုအလိုရှိသော
tool ရသည်အထိနှိပ်ယူနိုင်ပါတယ်။
The Tool Options Bar
Tool
Options Bar ကို Menu bar ရဲ့အောက်တွင်တွေ့မြင်နိုင်ပါတယ်။ အကယ်၍မတွေ့လျင်
Window Menu မှ Option ကိုရွေး၍၄င်း Tool တစ်ခုခုပေါ်တွင် Double-Click
နှိပ်၍၄င်းခေါ်ယူနိုင်ပါသည်။
Tool Option Bar
တစ်ခုပေါ်မှာရှိတဲ့ အရာတွေကို Tool Preset menu လို့ခေါ်ပါတယ်။ Tool
တစ်ခုနှင့်တစ်ခု Tool preset menu တူညီမည်မဟုတ်ပါ။ အောက်တွင် Pen tool
တစ်ခုရဲ့ Option bar ကိုဖော်ပြပေးထား ပါတယ်။
Menu Bar ပေါ်ကဘာတွေလဲ?
မြင်ကွင်းအပေါ်၌ကန့်လန့်ဖြတ်နေရာယူထားတဲ့
Menu Bar ပေါ်မှာ ဖိုင်တွေကို ကိုင်တွယ်ထိန်းကျောင်းပေးမယ့်
ညွှန်ကြားချက်တွေ ပါဝင်ပါတယ်။ ပထမဆုံး menu နှစ်ခုကတော့ File နှင့် Edit
ပါ။ ဒီနှစ်ခု စလုံးကိုတော့ ကွန်ပျုတာသုံးသူတိုင်း
ရင်းနှီးပြီးသားဖြစ်မှာပါ။ File menu မှာတော့ ဖိုင်တွေကိုဖွင့်တာ၊ ပိတ်တာ
၊ သိမ်းတာ ၊ importing နှင့် exporting တွေ၊ ပရင့်ထုတ်တာတွေ ပါဝင်ပါတယ်။
ထို့အပြင်အချိန်ကုန်သက်သာစေမယ့် အလိုအလျောက် လုပ်ဆောင်ပေးချက်တွေလည်း
ပါဝင်ပါတယ်။ ၄င်းအသုံးပြုပုံအသေးစိတ်ကို နောက်ပိုင်းတွင်
သီးသန့်ဖော်ပြပေးသွားပါမည်။
File Browser ကို Photoshop 7 မှာစတင်မိတ်ဆက်ခဲ့ပြီး Photoshop CS2 မှာတော့ Bridge အဖြစ် အမည်ပြောင်းခဲ့ပါတယ်။ File menu မှ Browse ကိုရွေးချယ်ခြင်းဖြင့် Adobe Bridge ကိုတွေ့မြင်နိုင်မှာပါ။ ကျွန်တော်တို့မြန်မာပြည်မှာတော့ Bridge ကိုအသုံးပြုမှုနည်းပါတယ်။ ကျွန်တော်ကိုယ်တိုင်လဲမသုံးဖြစ်ပါ။:) Bridge ပေါ်မှာတော့ ဓာတ်ပုံ သို့မဟုတ် Scan ဖတ်ထားတဲ့ပုံတွေရဲ့ data အချက်အလက်အသေးစိတ်ကို တွေရမှာပါ။ ကိုယ်ပိုင် keywords ပေးနိုင်၍ ဖိုင်များကိုရှာဖွေရာမှာ မြန်ဆန်လွယ် ကူစေပါသည်။ ၄င်းအပြင်ပုံတစ်ပုံရဲ့ အရွယ်အစား ၊ colr mode ၊ ရိုက်ခဲ့တဲ့အချိန်နှင့်နေ့စွဲ ၊ ကင်မရာအမျိုးအစား ၊ အစရှိသောအချက်အလက်ပေါင်း များစွာကိုကြည့်နိုင်ပါသည်။ Bridge မှာရှိတဲ့ Edit menu မှာတော့ ရင်းနှီးပြီသားဖြစ်တဲ့ Cut, Copy, Paste, Clear စသည်တို့ပါဝင်ပါတယ်။ နောက်ထပ် Transform tools တွေဖြစ်တဲ့ scale, skew, distort, နှင့် rotate selections များလည်းပါရှိပါတယ်။
File Browser ကို Photoshop 7 မှာစတင်မိတ်ဆက်ခဲ့ပြီး Photoshop CS2 မှာတော့ Bridge အဖြစ် အမည်ပြောင်းခဲ့ပါတယ်။ File menu မှ Browse ကိုရွေးချယ်ခြင်းဖြင့် Adobe Bridge ကိုတွေ့မြင်နိုင်မှာပါ။ ကျွန်တော်တို့မြန်မာပြည်မှာတော့ Bridge ကိုအသုံးပြုမှုနည်းပါတယ်။ ကျွန်တော်ကိုယ်တိုင်လဲမသုံးဖြစ်ပါ။:) Bridge ပေါ်မှာတော့ ဓာတ်ပုံ သို့မဟုတ် Scan ဖတ်ထားတဲ့ပုံတွေရဲ့ data အချက်အလက်အသေးစိတ်ကို တွေရမှာပါ။ ကိုယ်ပိုင် keywords ပေးနိုင်၍ ဖိုင်များကိုရှာဖွေရာမှာ မြန်ဆန်လွယ် ကူစေပါသည်။ ၄င်းအပြင်ပုံတစ်ပုံရဲ့ အရွယ်အစား ၊ colr mode ၊ ရိုက်ခဲ့တဲ့အချိန်နှင့်နေ့စွဲ ၊ ကင်မရာအမျိုးအစား ၊ အစရှိသောအချက်အလက်ပေါင်း များစွာကိုကြည့်နိုင်ပါသည်။ Bridge မှာရှိတဲ့ Edit menu မှာတော့ ရင်းနှီးပြီသားဖြစ်တဲ့ Cut, Copy, Paste, Clear စသည်တို့ပါဝင်ပါတယ်။ နောက်ထပ် Transform tools တွေဖြစ်တဲ့ scale, skew, distort, နှင့် rotate selections များလည်းပါရှိပါတယ်။
နောက်ထပ် Menu Bar မှာပါဝင်တဲ့ Menu တွေကတော့
♥ Image
♥ Layer
♥ Select
♥ Filter
♥ View
♥ Window တို့ပါဘဲ။
♥ Image
♥ Layer
♥ Select
♥ Filter
♥ View
♥ Window တို့ပါဘဲ။
The Image Menu
Image
Menu ကိုဖွင့်လိုက်မယ်ဆိုရင်တော့ပုံပါအတိုင်း Menu
အခွဲလေးတွေကိုတွေရမှာပါ။ ပထမဦးဆုံးမြင်ရတဲ့ Mode မှာတော့
ဘယ်အရောင်စနစ်နှင့်လုပ်မလဲဆိုတာရွေးချယ်ဖိုပါ။ ကျွန်တော်တို့ဟာ RGB(Red,
Green, Blue) စနစ်နဲ့ပဲလုပ်ဆောင်နိုင်ကြရမှာပါ။ ဘာလို့လဲဆိုတော့
ကျွန်တော်တို့တစ်တွေအသုံးပြုနေတဲ့ Monitor တွေက RGB
အရောင်သုံးရောင်ပဲထုတ်နိုင်လို့ပါ။ ကျွန်တော်တို့ ပတ်ဝန်းကျင်မှာတွေ့ရတဲ့
TV, HandPhone, MP4, Projector အစရှိသည့် ရောင်စုံ Display
ပါတဲ့စက်တွေမှာလဲ RGB စနစ်ကိုသာအသုံးပြုထားပါတယ်။ မယုံဘူးဆိုရင်တော့
မှန်ဘီလူးတစ်လက်ယူပြီး မော်နီတာကိုအနီးကပ်ကြည့် ကြည့်ပါ။
မသဲကွဲသေးဘူးဆိုရင်တော့ သင့်အိမ်က Television ကိုကြည့် ကြည့်ပါ။ အနီရယ်
၊အစိမ်းရယ် ၊အပြာရယ် သုံးရောင်ထဲတွေ့ရမှာပါ။ အဲ TV
အရင်ဖွင့်ဖို့တော့မမေ့နဲ့နော်။ Color Mode
အကြောင်းကိုတော့နောက်အခန်းမှရှင်းပြမယ်။ အခုအခန်း – ၁ မှာက အကြမ်းသဘော
ရှင်းပြထားတာ။
နောက်ဒုတိယတစ်ခုဖြစ်တဲ့
Adjustments submenu ကတော့ပုံတွေပြင်တိုင်းမပါရင်မပြီးတဲ့
အသုံးအ၀င်ဆုံးအရာတွေရှိတဲ့ submenu ပေါ့။ ၄င်းအထဲမှာ အရောင်ချိန်ညှိတာတွေ၊
ပြင်ဆင်တာတွေ အရောင်ပြောင်းတာတွေ ဥပမာ နှင်းဆီပန်း အနီရောင်ကို
အပြာရောင်သို့ ပြောင်းတာ တွေပြုလုပ်နိုင်တဲ့ Program တွေပါဝင်ပါတယ်။
The Layer Menu
Phtoshop
ရဲ့စွမ်းအင်အပြည့်ဝဆုံး အင်္ဂါရပ်ကတော့ မတူညီတဲ့ Layer ခေါ်အလွှာများခွဲ၍
လုပ်ဆောင်နိုင်ခြင်းပါပဲ။ ပုံများပေါင်းစပ်ခြင်း၊ ဖျက်ညှပ်ကပ်ခြင်းများ
ပြုလုပ်ရာ၌ မူရင်းပုံကို မထိခိုက်မပျက်စီး စေရန်အသုံးပြုနိုင်ပါတယ်။
၎င်းအပြင်ပလက်စတစ် အကြည်ရောင်စာရွက်ကဲ့သို့လည်း လုပ်ဆောင်နိုင်ပါတယ်။
Layer တစ်ခုပြီးတစ်ခုခွဲနိုင် သလို မူရင်းပုံနှင့်
တစ်ခြားအစိတ်အပိုင်းများ မထိခိုက်ပဲ Layer ပေါ်တွင်ဆေးချယ်ချင်းများ ၊
အလင်းပိတ်မှု (Opacity) အနည်းအများ နှင့် အခြားလုပ်ဆောင်ချက်များ
ပြုလုပ်နိုင်ပါတယ်။
Layer Menu မှာတော့ Layer အသစ်များပြုလုပ်ခြင်း၊ Layer များပေါင်းစပ်ခြင်း နှင့် Layer effects, styles ,color adjustments များဖြင့်တွဲဖက်လုပ်ဆောင်ချက်များ ပါဝင်ပါတယ်။ ထုံးစံအတိုင်းအသေးစိတ်ကိုတော့ နောက်အခန်း တွေမှာ ရှင်းပြပေးသွားပါမယ်။ Layer Menu မှာဘာတွေပါလဲဆိုတာအောက်ကပုံကိုတစ်ချက်ကြည့်လိုက်ရအောင်။
Layer Menu မှာတော့ Layer အသစ်များပြုလုပ်ခြင်း၊ Layer များပေါင်းစပ်ခြင်း နှင့် Layer effects, styles ,color adjustments များဖြင့်တွဲဖက်လုပ်ဆောင်ချက်များ ပါဝင်ပါတယ်။ ထုံးစံအတိုင်းအသေးစိတ်ကိုတော့ နောက်အခန်း တွေမှာ ရှင်းပြပေးသွားပါမယ်။ Layer Menu မှာဘာတွေပါလဲဆိုတာအောက်ကပုံကိုတစ်ချက်ကြည့်လိုက်ရအောင်။
The Select Menu
Select
Menu မှာတော့ Select လုပ်ထားသော Selection
အားပြုပြင်ပြောင်းလဲနိုင်တဲ့အရာတွေပါဝင်ပါတယ်။ Select လုပ်ပြီးသား
Selection ကိုကြီးထွားစေခြင်း ၊ ကျုံ့စေခြင်း နှင့် Feather
ထည့်၍နောက်ခံသို့ အရောင်မှိန် သွားအောင် လုပ်ဆောင်ချက်များ ပါဝင်ပါတယ်။
The Filter Menu
Filter
Menu အောက်မှာတော့ဒါဇင်ပေါင်းများစွာသော Filter များပါဝင်ပါတယ်။ ၄င်း
Filter တွေထဲမှာ ပုံတွေကိုမှုန်ဝါးစေခြင်း ၊
ပန်းချီစုတ်ချက်နှင့်ဆွဲသလိုဖြစ်ပေါ်စေခြင်း ၊ နီယွန်မီးကဲ့သို့
တောက်ပစေခြင်း ၊ အစရှိသဖြင့်ပုံစံများစွာ အလိုအလျောက်ပြုလုပ်ချက်များ
ပါဝင်ပါတယ်။
Photoshop Filters ဟာ တစ်ခြားဂရပ်ဖစ်ပရိုဂမ်များနှင့် တွဲဖက်လုပ်ဆောင်နိုင်တဲ့ Plug-ins ပါ။ အခြား Third-Party Filter များသွင်းယူထားပါက၄င်းတိုကို Filter Menu ၏အောက်ခြေတွင်တွေနိုင်ပါသည်။
Photoshop Filters ဟာ တစ်ခြားဂရပ်ဖစ်ပရိုဂမ်များနှင့် တွဲဖက်လုပ်ဆောင်နိုင်တဲ့ Plug-ins ပါ။ အခြား Third-Party Filter များသွင်းယူထားပါက၄င်းတိုကို Filter Menu ၏အောက်ခြေတွင်တွေနိုင်ပါသည်။
ပုံတွင်ကျွန်တော်ထည့်သွင်းထားသော nik Color Efex Plug-in ကိုမြင်တွေ့နိုင်ပါတယ်။
The View Menu
ရုပ်ပုံတွေကိုချဲ့ကြည့်ဖို့
ဒါမှမဟုတ် ချုံ့ကြည့်ဖို့ အစရှိသောညွှန်ကြားချက်တွေကို View Menu
အောက်မှာတွေ့မြင် နိုင်ပါတယ်။ ထိုနောက်ပုံတွင်ပြထားသည့်အတိုင် work area
အတွင်းထည့်သွင်းအသုံး ပြုနိုင်သော Rulers, Guides နှင့် Grids တို့ကိုလည်း
တွေ့မြင်နိုင်ပါတယ်။ Show ဆိုတဲ့ command ရဲ့ Menu အခွဲလေးမှာတော့ grids,
guides, notes, layer သို့မဟုတ် Selection edges, slices နှင့်
အခြားလုပ်ဆောင်ချက်တွေကိုရယူရန် ညွှန်ကြားချက်တွေပါဝင်ပါတယ်။ Rulers
ကိုလည်း pixels, inches, centimeters, millimeters , points နှင့် picas
အစရှိသော သင်ရင်းနှီးမယ့် အတိုင်းအတာယူနစ်ကိုရွေးချယ်နိုင်ပါတယ်။
Edit>Preferences>Units & Rulers တွင်လည်း Dialog box အသစ်အတွက်အတိုင်းအတာယူနစ်ကိုပြောင်းလဲနိုင်ပါသေးတယ်။
Guides
ဆိုတာကတော့ မျဉ်းကြောင်းတွေပါပဲ။ စာရိုက်ရာတွင်၎င်း ၊
အခြားကိစ္စရပ်များအတွက်၎င်း မျဉ်းကြောင်းတွေကို ပုံပေါ်နေရာချထား၍
အသုံးပြုနိုင်ပါသည်။ Print ထုပ်သောအခါတွင် ၄င်းမျဉ်းကြောင်းများကို
တွေ့မြင်ရမည်မဟုတ်ပါ။
Guide များကိုနေရာချခြင်း
Guide
တွေကိုနေရာချတော့မယ်ဆိုရင် ပထမဆုံး active window ပေါ်မှာ Rulers ရှိမရှိ
အရင်ကြည့်ပါ။ အကယ်၍မတွေ့လျှင် View ထဲက Rulers ကိုအမှန်ခြစ်ပေးပါ။
Shortcut key ကတော့ Crtl + R ပေါ့။ Rulers ပေါ်လာပြီဆိုရင်တော့ အောက်က
animation မှာပြထားတဲ့အတိုင်း Rulers ပေါ် Click ဖိပြီး
လိုချင်တဲ့နေရာထိဆွဲပါ။ နေရာချပြီးမှပြန်ရွှေ့ချင်ရင်တော့ Toolbox က Move
tool နဲ့ရွှေ့လို့ရတယ်။
Move tool ကိုယူရမှာ အလုပ်ရှုပ်တယ်ဆိုရင်တော့ Alt key ဖိပြီးရွှေ့ပေါ့။ ရွှေ့တာမရွေ့ရင်တော့ View အောက်က Lock Guides ကိုအမှန်ခြစ်ဖြုတ်လိုက်။ Guide Lines တွေမျက်စိနောက်လို ခဏဖြောက်ထားခြင်တယ်ဆိုရင်တော့ View>Show>Guides ကိုအမှန်ခြစ်ဖြူတ်လိုက်။ Guide တွေကိုအပြတ်ရှင်း ချင်ရင်တော့ View ထဲက Clear Guides ကိုရွေးလိုက်ပါ။ Shortcut key ကိုတော့ ကိုယ်ဘာသာကိုပဲကြည့်လိုက်တော့ မရေးပြတော့ဘူး။
Move tool ကိုယူရမှာ အလုပ်ရှုပ်တယ်ဆိုရင်တော့ Alt key ဖိပြီးရွှေ့ပေါ့။ ရွှေ့တာမရွေ့ရင်တော့ View အောက်က Lock Guides ကိုအမှန်ခြစ်ဖြုတ်လိုက်။ Guide Lines တွေမျက်စိနောက်လို ခဏဖြောက်ထားခြင်တယ်ဆိုရင်တော့ View>Show>Guides ကိုအမှန်ခြစ်ဖြူတ်လိုက်။ Guide တွေကိုအပြတ်ရှင်း ချင်ရင်တော့ View ထဲက Clear Guides ကိုရွေးလိုက်ပါ။ Shortcut key ကိုတော့ ကိုယ်ဘာသာကိုပဲကြည့်လိုက်တော့ မရေးပြတော့ဘူး။
View>Show>Grid
ကိုသွားနှိပ်လိုက်မယ်ဆိုရင်တော့ သင့် Canvas ပေါ်မှာ ဂရစ်စာရွက်လိုမျိုး
လေးထောင့်ကွက်တွေ ပေါ်လာပါလိမ့်မယ်။ ဂရစ်ကွက်အစိတ်အကျဲကိုတော့
Edit>Preferences>Guides,Grid,Slice & Count မှာ
သွားပြင်လို့ရပါတယ်။ Snap နှင့် Snap to commands ကတော့ ပုံတွေနဲ့
အခြားအစိတ်အပိုင်းတွေ နေရာချရာမှာ လွယ်ကူအောင်ဆောင်ရွက်ပေးတယ်။ ဥပမာ Snap
ကိုရွေးထားမယ်ဆိုရင် ပုံကိုရွှေ့ရာမှာ Guide သို့မဟုတ် Gridline ရှိရာသို့
သံလိုက်နှင့်ဆွဲသလို ပြေးကပ်သွားပါလိမ့်မယ်။
The Window Menu
Photoshop
ရဲ့ commands တွေကို နည်းလမ်းအမျိုးမျိုးနဲ့သုံးနိုင်ပေမယ့် palettes
တွေကိုအသုံးပြု၍သုံးခြင်းဟာ အလုပ်လုပ်ရာမှာ ပိုမိုလျှင်မြန်လွယ်ကူစေပါတယ်။
ဓာတ်ပုံတွေရဲ့အချက်အလက်တွေ ၊ Type tool အတွက် character နှင့် paragraph
တွေကို Photoshop palettes ကကူညီပေးပါလိမ့်မယ်။ Palettes မှာ Toolbox
မှာရှိတဲ့ tool အတော်များများရဲ့ ရွေးချယ်စရာ သီးခြားလုပ်ဆောင်ချက်များ
(ဥပမာ ရွေးချယ်စရာ Brush အရွယ်အစား ၊ ပုံသဏ္ဌန် နှင့် အရောင်၊ Layers,paths
နှင့် channels များကိုသုံးရန်)ပါဝင်ပါတယ်။ ထိုနောက်အလုပ် လုပ်ရာမှာ
အချိန်တိုတိုနှင့် အကျိုးသက်ရောက်အောင် Actions နှင့် History palettes
ကအကူအညီပေးပါလိမ့်မယ်။ အကယ်၍ ၄င်း palettes တွေကို မတွေ့ပါက Window Menu
မှာ မြင်ချင်သော palette ကိုဖွင့်နိုင်၊ ပိတ်နိုင်ပါတယ်။
Photoshop
CS3 မှာတော့ Palette လုပ်ဆောင်ချက်အသစ်တွေပါဝင်ပါတယ်။ Palettes
တွေရှုပ်နေလျှင် ဘေးမှာ ခဏခေါက်၍ချုံ့ထားနိုင်ပြီး လိုအပ်လျှင် Click
တစ်ချက်နှိပ်၍ ပြန်ဖော်နိုင်ပါသည်။ နားနဲနဲရှုပ်နေသေးရင် အောက်ကပုံ
လေးကိုကြည့်လိုက်ပါ။
အကယ်၍
Palettes တွေကို ဟိုရွှေ့ဒီရွှေ့နဲ့ပြောက်သွားလို့ နဂိုအတိုင်
ပြန်ဖြစ်ချင်တယ်ဆိုရင်တော့ Window>Workspace>Reset Palette
Locations ကိုနှိပ်လိုက်ပါ။
The Help Menu
နောက်ဆုံး
Menu တစ်ခုကတော့ Photoshop ရဲ့ Help Menu ပါပဲ။ Photoshop နဲ့ပတ်သက်သမျှ
အကြောင်း အရာတွေ အပြည့်စုံဆုံးနေရာပါပဲ။ Search Function ပါဝင်သောကြောင့်
သိလိုသောအကြောင်းအရာကို လွယ်လင့်တစ်ကူ ရှာဖွေနိုင်ပါတယ်။
No comments:
Post a Comment