အနန္တောအနန္တငါးပါးနှင့်တကွ သင်ဆရာ မြင်ဆရာ ကြားဆရာများအားလုံးကိုဦးထိပ်ထားလျှက် ယခုဘလော့ပိုစ်အားပြင်ဆင်ပါသည်။

ပန်းချီ၏အသက်သည်“ပုံစွဲ”ပန်းချီ၏ရသသည်“ဒီဇိုင်း”ပန်းချီ၏အနှစ်သာရသည်“အရောင်”အနုပညာဆိုတာအမှန်တရားမဟုတ်မုသာဝါဒဖြစ်တယ်ဒါပေမယ့် ငါတို့ကိုအမှန်တရားနားလည်လာအောင်သင်ပေးတယ်
Glitter text

Wednesday, June 20, 2012

ပေါက်ပေါက်ရှာရှာကွန်ပျူတာ

နွေရာသီ ကလေးများအတွက် ကွန်ပျူတာသင်တန်းကျောင်း တစ်ခုမှာ ဆရာက ပစ္စည်း အခေါ်အဝေါ် အကြောင်းနဲ့ ကွန်ပျူတာကို Hardware နဲ့ software နှစ်ပိုင်းခွဲထားတဲ့အကြောင်းကို တင်နေချိန်မှာပါ...
ဆရာမ ။ ။ ကဲ ကလေးတို့ရေ mouse နှစ်မျိုးရှိတယ်. နာမည်လေးတွေ ပြောပြပါလို့ ပြောချိန်မှာ အသံတစ်သံက အားလုံးကို ကျော်ပြီးထွက်လာခဲ့ပါတယ်။
ကလေးသံ။ ။ အော်တီကယ် မောက်စ် နဲ့ မော်တော်ပီကယ် မောက်စ်ပါတဲ့
(ကလေး အဖေ က ယဉ်ထိန်းဌာနက ၀န်ထမ်းတစ်ဦးဆိုတာ နောက်မှ သိရတာပါ။ သြော် မက်ကယ်နီကယ် မောက်စ်မှ မော်တော်ပီကယ် မောက်စ်သို့ အခြေအနေအရ ပြောင်းရွေ့သွားခြင်းပါလား)
မူလတန်းအရွယ် ကလေးများကို ကွန်ပျူတာသင်သော အခန်းလေးထဲဝယ်........
ဆရာ။ ။ ကဲ ကလေးတို့ရေ ကွန်ပျူတာကို အပိုင်းဘယ်နှစ်ပိုင်းခွဲပြီးထားသလဲကွယ်.
ကျောင်းသား။ ။ နှစ်ပိုင်းပါဆရာ
ဆရာ ။ ။ တော်လိုက်တာကွယ်. ကဲသား ဘယ်လိုလဲကွယ်ပြောပါအုန်း..
ကျောင်းသား ။ ။ အတန်းရှေ့သို့ရဲဝံ့စွာ ထွက်လာပြီး လက်ကလေးဖြင့် မော်နီတာ ဖန်သားပြင်အား အလယ်မှ လက်ဖြင့် ပိုင်းဒီ ဟန် ပြုလုပ်ပြီး " ဒီလို ပိုင်းတာပါတဲ့"
ကဲ ဆရာခမျာ ငိုရမှာလားရယ် ရမှာလား မသိတော့ပါ လိုချင်သည်က hardware & software အဖြေပါ.ရလာသည်က........

No comments:

Post a Comment