အနန္တောအနန္တငါးပါးနှင့်တကွ သင်ဆရာ မြင်ဆရာ ကြားဆရာများအားလုံးကိုဦးထိပ်ထားလျှက် ယခုဘလော့ပိုစ်အားပြင်ဆင်ပါသည်။

ပန်းချီ၏အသက်သည်“ပုံစွဲ”ပန်းချီ၏ရသသည်“ဒီဇိုင်း”ပန်းချီ၏အနှစ်သာရသည်“အရောင်”အနုပညာဆိုတာအမှန်တရားမဟုတ်မုသာဝါဒဖြစ်တယ်ဒါပေမယ့် ငါတို့ကိုအမှန်တရားနားလည်လာအောင်သင်ပေးတယ်
Glitter text

Wednesday, June 13, 2012

Photoshop အကြောင်းသိကောင်းစရာများ

Photoshop ကတော့ ဒီဇိုင်းလုပ်တာပဲဖြစ်ဖြစ်၊ မိမိလိုချင်တဲ့ ဒီဇိုင်း မျိုးဖန်တီးတာပဲဖြစ်ဖြစ်ပေါ့ မရှိမဖြစ်လိုအပ်ပါတယ်...
နည်းပညာဆိုတာ မသိသေးခင်တော့ ခက်ပေမယ့် သိသွားတော့လဲ...အော် ဒါလေးများ ငါလဲသိတာပေါ့။
လွယ်လွယ်လေးပါဆိုတာမျိုး ဖြစ်သွားလောက်အောင် ဖြစ်လာပါလိမ့်မယ်...
ဒါကြောင့်မို့
Photoshop  လုပ်တော့မယ်ဆို Photoshop အကြောင်းလေးတော့ သိထားဖို့လိုမယ်နော်...
အားလုံးပဲ လေ့လာနိုင်အောင် အောက်မှာတင်ပြပေးထားပါတယ်နော်...

Photoshop အခြေံ  (Photoshop 8.0)( အသုံးများသော Tools များအကြောင်း)

Photoshop ကိုစတင်လေ့လာသူများအတွက် လွယ်ကူစေရန်ရည်ရွယ်ကာ ရေးသားလိုက်ခြင်းဖြစ်ပါသည်။
မျိုး အနေ့နဲ့ သိလွန်း တတ်လွန်းလို့ မဟုတ်ပါဘူး...အခြေခံအဆင့်လောက်သာ ရှိပါတယ်...သို့ပေမဲ့ သူငယ်ချင်းများက အကြံပေး တောင်းဆိုလို့တင်ပြပေးခြင်းသာဖြစ်ပါတယ်...
မျိုးလည်း ဆိုဒ်ပေါင်းစုံမှ လေ့လာကာ တင်ပြပေးခြင်းသာ...

Tool Menu တွင် ပါရှိသော  Tools များဧ။် လုပ်ဆောင်ပုံများ နှင့် လုပ်နိုင်စွမ်းများကို သိရှိရန်လိုအပ်ပါတယ်...
အောက်ပါပုံသည် Photoshop တွင်ပါဝင်သော Tool Menu ဖြစ်ပါသည်...
Tools များ ထဲမှာ အသုံးများသော Tools များအကြောင်းကိုအရင်ဆုံးရှင်းပြပေးထားပါတယ်။

Photobucket


(1)- Marquee Tools


Photobucket
ပုံတွင် ပြထားသော လေးထောင့်အကွက်လေးသည် Marquee Tools ဧ။်ပုံဖြစ်ပါတယ်...ထိုပုံကို Right Click ထောက်လိုက်လျှင် Rectangular Marquee Tools, Elliptical Marquee Tool, Single Row Marquee Tools, Single Column Marquee Tools ဟူပြီး လေးမျိုးတွေ့ရပါလိမ့်မယ်။
မိမိတို့သုံးပြုခ်ျေ Marquee Tool ကိုမောက်စ်ဖြင့် ကလစ်ထောက်ကာေ၇ွးချယ်နိုင်ပါသည်...အသုံးများသော Marquee Tools မှာ Rectangular Marquee Tools နှင့်  ဖြစ်ပါသည်...ထိုနှစ်မျိုးအကြောင်းကိုသာ ရှင်းပြပေးပါ့မယ်...
Rectangular Marquee Tool

Rectangular Marquee Tool သည့် လေးထောင့်ပုံများ ရေးဆွဲရာတွင် အသုံးပြုသည်။ ပုံများကို လေးထောင့်ပုံ ရွေးချယ်လို လျှင်လည်း အသုံးပြုသည်။ Shift ကို နှိပ်ပြီးးမောက်စ်ဖြင့် ဖိဆွဲပါက စတုရန်းကွက် ကျကျ လေးထောင့်ပုံကို ရရှိပါမည်။ ပုံပါအတိုင်း လေးထောင့်ပုံ အကွက်ကလေး ဖြစ်သွားလျှင် Copy ကူးယူကာ မိမိကြိုက်နှစ်သက်ရာ နေရာသို့ ရွှေ့ နိုင်ပါသည်။


(2)- Elliptical Marquee Tool

Photobucket

Elliptical Marquee Tool ကတော့အ၀ိုင်းပုံ ဘဲဥပုံများဆွဲ ရာမှာ အသုံးပြုပါတယ်။ Shift ကိုနှိပ်ပြီး ဆွဲလျှင် အချိုးအစား ညီသော စက်ဝိုင်းပုံရပါမယ်။
ပုံများကို ဘဲဥပုံ အ၀ိုင်းပုံများ ဖြတ်ချင်လျှင်လည်း အသုံးပြုပါတယ်။ အ၀ိုင်းပုံရေးဆွဲရာတွင် မှတ်သားရန်မှာ Elliptical Marquee Tool ကို ရွေးလိုက်သည်နှင့် ပုံတွင် အနီဝိုင်းလေးနှင့် ပြထားသော Anti-aliased ဆိုသော အမှတ်ကလေးပြထားသည်။ ထိုနေရာတွင် အမှတ်ပေးလိုက်မှသာ စက်ဝိုင်းဧ။် အနားသားလေးများသည် ပြေပြစ်ချောမွေ့ မည်ဖြစ်ပါသည်။
အမှတ်မပေးခဲ့လျှင် စက်ဝိုင်းပုံ ဟာ အနားသတ်များ လှေခါးထစ်ကဲ့သို့ အညီညာဖြစ်နေပါလိမ့်မည်။


(3)- Move Tool

Photobucket

       Move Tool သည်ပုံများကို နေရာရွှေ့ ရာတွင် အသုံးပြုသည်။

(4)- Lasso Tools
      
Photobucket
       Lasso Tools တွင် Lasso Tool, Polygonal Lasso Tool, Magnetic Lasso Tool ဆိုပြီး သုံးမျိုးပါရှိပါတယ်။
       Lasso Tools ပေါ်တွင် Right Click ထောက်လိုက်မှသာ သုံးခုလုံးကို ပေါ်လာမှာဖြစ်ပါတယ်။
       ပြီးလျှင် မိမိအသုံးပြုလိုသည့် Tool ကိုရွေးချယ်လိုက်ပါ။။ သူ့ တွင်လည်း Anti-aliased အမှတ်အသားပါရှိပါသည်။
       Lasso Tools ကိုအသုံးပြုနည်းပါတယ် ဘာလို့လဲဆိုတော့ Lasso Tools ကိုသုံးတဲ့အခါမှာ မောက်စ်ကို နိုင်နင်းမှသာ ကောင်းကောင်းအသုံးပြုနိုင်မှာဖြစ်လို့ပါ။
       ပုံများတွင် မိမိရွေးချယ်လိုသော အပိုင်းကို Lasso Tools ဖြင့်လည်း ရွေးချယ်နိုင်ပါတယ်။ Lasso Tools ဖြင့်ေ၇ွးချယ်လိုက်ရင် မောက်စ်ကို ဆက်တိုက် ဖိထားပြီး လိုချင်သော နေရာကို ဆွဲချရပါမယ်။
       Magnetic Lasso Tool

       Magnetic Lasso Tool သည် သံလိုက်ကဲ့သို့ အရောင်နီးစပ်သော နေရာများကိုအလိုအလျှောက်ေ၇ွးချယ်သွားပါတယ်။။ အရောင်ကွဲသော နေရာ(ဥပမာ - နောက်ခံအရောင် အဖျော့တွင်ရိုက်ထားသော ပုံများ) များကိုရွေးချယ်ရာတွင် သင့်တော်ပါလိမ့်မယ်။
       မောက်စ်ကို ထောက်ကာ လွှတ်ကာ လုပ်ပြီး ရွေးချယ်နိုင်သလို မောက်စ်ကို မထောက်ပဲ မိမိလိုသောနေရာကိုသာ တင်လိုက်ရုံဖြင့်လည်း အရောင်နီးစပ်တူသော နေရာကို ရွေးချယ်ပေးပါလိမ့်မယ်။
      
Magic Tool

                                                                            Photobucket


       Magic Tool ကို အရောင်တူများ (အရောင်တန်ဘိုးတူညီသောနေရာများ) ရွေးချယ်ရာတွင် အသုံးပြုနိုင်ပါတယ်။ (ဥပမာ- ပုံတွင် အဖြူရောင်ပါနေသော နေရာတစ်ခုကို Magic Tool ဖြင့်ထောက်လိုက်လျှင် ထို အဖြူရောင်နှင့် စပ်ဆက်နေသော (အရောင်တန်ဘိုးတူညီသော) နေရာ
       တစ်လျှောက်ကိုေ၇ွးချယ်ပေးသွားပါတယ်။


(5)- Crop Tool
Photobucket
       Crop Tool ကိုအရမ်းကြီးနေသော ပုံများထဲတွင် မိမိအလိုရှိသလောက် နေရာလေးကိုသာ
       ကျန်စေချင်သော အခါ အသုံးပြုပါတယ်။ Crop Tool ဖြင့် ရွေးချယ်လိုက်သောအခါ လေးထောင့်ကွက်လေးပေါ်ပါလိမ့်မယ်။ လေးထောင့်ကွက်လေးအား ဘေးအနားရှိ လေးထောင့်ကွက် သေးသေးလေးများပြထားသော
      နေရာများမှ မောက်စ်ဖြင့် ထောက်ကာ ချုံ့ နိုင် ချဲ့ နိုင်ပါတယ်။ ထို့နောက်  ပေးလိုက်ကြည့်လိုက်သောအခါ မိမိရွေးချယ်ထားသော အပိုင်းကလေးသာ ကျန်ခဲ့သည်ကို တွေ့ ရပါလိမ့်မယ်။

(6)- Healing Brush Tool
  
Photobucket
Photobucket      
ပုံများတွင် မလိုအပ်သော အရာများကို အခြားနေရာမှ ပုံ၏အစိတ်အပိုင်းများဖြင့်ဖြည့်စွက်ရာတွင် ၄င်း၊ ဖယ်ရှားရာတွင် ၄င်း၊ အသုံးပြုပါတယ်။
       ဓါတ်ပုံ အဟောင်းများကို ပြုပြင်ရာတွင်လည်း သုံးပါတယ်။ အသုံးပြုပုံမှာ မိမိဖြည့်လိုက်သောနေရာကို Alt နှိပ်ပြီး ထောက်ထားသော နေရာမှ ပုံရိပ်များ လာထင်ပေးနေပါလိမ့်မယ်။
       ပန်းပွင့်ကလေး ပျောက်သွားသည်ကို တွေ့ ရပါလိမ့်မယ်နော်။ ပုံတွင်ကြည့်ပါ...
Patch Tool
Photobucket

         Patch Tool ကိုကျတော့ မိမိတို့ေ၇ွးချယ်ထားသော နေရာတွင် အခြားနေရာမှ ပုံ၏အစိတ်အပိုင်းဖြင့်သော်၎င်း ၊ Photoshop မှပေးထားသော Pattern များဖြင့် အစားထိုးရာတွင့်၎င်း၊
         အသုံးပြုပါတယ်။

Photobucket
         ပုံတွင်ကြည့်ပါ...မိမိ မလိုချင်သော (ဖျက်ချင်သော) နေရာကိုမောက်စ်ဖြင့် ထောက်ဆွဲပြီး ရွေးလိုက်ပါ။ ရွေးချယ်ပြီးလျှင် အစားထိုးချင်သည့် ပုံ၏အစိတ်အပိုင်းနေရာသို့
         စောစောကေ၇ွးချယ်ထားသော နေရာလေးကို မောက်စ်ဖြင့် ဖိခွဲကာ ရွှေ့ လိုက်ပါ။ ထိုအခါ မိမိရွေးချယ်ထားသော အရာလေးနေရာတွင် မောက်စ်နှင့် ဖိဆွဲပြီး ရွှေ့ လိုက်သော အစိတ်အပိုင်းဖြင့် အစားထိုးပြီးသား ဖြစ်နေပါလိမ့်မယ်။ ပြီးသွားရင် Ctr+D ကိုနှိပ်လိုက်ပါ။

         ပုံတွင် အသဲပုံလေးများ နေရာတွင် မိန်းကလေးတစ်ယောက်ရဲ့ပုံလေးများဖြင့်အစားထိုးပြီးသားဖြစ်သွားပါသည်။ပုံကိုကြည့်ပါ...
Photobucket

No comments:

Post a Comment