photoshop
software မှာ shadow ထည့်ပြီးသုံးတာ သုံးတတ်ကြမှာပါ..။ အဲဒီ shadow effect
မျိုးကိုပဲ တစ်မျိုး လုပ်ထားတာလေးရှိတယ်..။ ဥပမာ စာသားလေး
ထောင်နေတဲ့ပုံစံမျိုးဖြစ်အောင် လုပ်တာမျိုးပေါ့..။ ပုံမှန်အားဖြင့် drop
shadow effect က စာသားနဲ့ကပ်လျက်အနေအထားပဲရှိတယ်..။ ပြင်ချင်ရင် degree
အလိုက်ပြင်ရတယ်..။ အခုလုပ်မှာက effect တွေသုံးတာမျိုးမဟုတ်ဘဲ
ကိုယ်ကိုယ်တိုင် လုပ်ကြည့်တာမျိုးပေါ့..။ စလုပ်ကြည့်ရအောင်..။
သိပ်မခက်ပါဘူး..။ နည်းလမ်းသိသွားရင် လွယ်သွားကောလေ..။
Step 1
file
> New ကိုရွေး..။ Width – 600 px Height – 400 px Resolution – 72
Color Mode – RGB ပေးပါ..။ ပြီးရင် OK နှိပ်။ G ကို နှိပ်ပါ။ Gradient
Tools ကို ရွေးပြီးသားဖြစ်နေမယ်..။ နောက်တော့ Dark Blue to Light Blue
နှစ်ခုဖြစ်အောင် color ညှိယူ..။
Step 2
စာသားတစ်ခုခု
ရိုက်ထည့်ပါ..။ နောက်တော့ အဲဒီစာသားကို Resterize Layer လုပ်ပါ..။
နောက်တော့ Duplicate Layer နဲ့ နှစ်ခုပွားယူထားလိုက်။
Step 3
အဲဒီနောက်
ကျွန်တော်တို့ စာသားကနေ ပုံအနေနဲ့ပြောင်းလိုက်တဲ့ အပေါ်ဆုံး layer ကို
select လုပ်ပါ။ Lock Transparent Pixels လုပ်..။ Shift + F5 ကိုနှိပ်ပါ..။
Use – Color ကို ရွေး..။ အဲဒီကနေ အနက်ရောင် ခပ်မှောင်မှောင်ကို
ထောက်ပြီးရွေးပါ..။ တကယ်လို့ Transparent Pixel lock မလုပ်ခဲ့ရင်
ကိုယ်ရွေးလိုက်တဲ့ အရောင်က အားလုံးမှာ ပြည့်သွားမှာဖြစ်ပါတယ်..။ ဒါကြောင့်
လော့ခ်လုပ်ခိုင်းတာပါ..။
Step 4
Transparent pixel lock လုပ်တာကို ပြန်ဖြုတ်ပါ..။ filter > blur > Gussian Blur မှာ radius ကို 4.0 လောက် ထားပေးပါ..။
Step 5
ctrl
+ t ဒါမှမဟုတ် Edit > free transform ကို ရွေးပါ..။ အပေါ်ကနေ အောက်ကို
တစ်ဝက်လောက် ချုံ့။ အပေါ်ဘက် ဘယ်ညာ ဒေါင့်တွေကို ကားသွားအောင် ctrl key
ဖိပြီး ချဲ့..။ အောက်ပုံအတိုင်းပေါ့..။ ကျေနပ်တဲ့ အတိုင်းအတာရောက်ရင်
enter ခေါက်လိုက်
Step 6
အခု
shadow effect အနေနဲ့ ပြင်နေတဲ့ layer ကိုအောက်ကိုရွှေ့ပါ..။ Original text
layer ရဲ့အောက်ထိရွှေ့..။ ဒုတိယ layer ကို select လုပ်ပါ..။ Ctrl + t
နှိပ်ပြီး transform လုပ်ပါ။ နောက်တော့ အဲဒီအတိုင်းပဲ အောက်ထိဆွဲချပါ..။
စာသားပြောင်းပြန်ဖြစ်သွားမယ်..
Step 7
ဟုတ်ကပြီ..။
အခုမှတ်ထားတဲ့ layer ကို lock transparent pixels ကိုရွေးပြီး lock
ချပါ..။ နောက်တော့ gradient tool ကိုရွေးပါ..။ gradient editor မှာ
တစ်ဖက်အပြာ တစ်ဖက်အဖြူ transparent ဖြစ်အောင် လုပ်..။ ပြီးရင် အောက်ကနေ
အပေါ်ကို ဆွဲတင်လိုက်ပါ..။
Finalize
သိပ်မကျေနပ်လို့ရှိရင် layer လေးအသစ်ယူပြီး ဘာဘာညာညာ
လျှောက်ဆော့ကြည့်ပေါ့..။ ကျွန်တော့်နောက်ဆုံး result ကတော့ အောက်ဆုံးက
ပုံအတိုင်းပါပဲ..။ နောက်များမှာ အချိန်ရရင် ဒါမျိုးလေးတွေ လုပ်ပါဦးမယ်..။
ဒီဇိုင်းဆိုတာ လူတွေရဲ့ မျက်စေ့ကို လှည့်စားတဲ့ မျက်လှည့်တစ်ခုလိုပဲလေ..။
No comments:
Post a Comment