အနုပညာ ဆိုတာ ရဲ့ ကျက်သရေကို ပြောရင် အနုပညာ အကြောင်းကို အရင်ပြောရတော့မှာပဲ..
အနုပညာဆိုတာ ဘာလည်းဆိုတာကို အဓိပါယ်တွေအမျိုးမျိုးဖွင့်ဆိုခဲ့ကြတာ ဟိုးရှေးပဝေဏသီကတည်းက..
အားလုံးကိုချုပ်ပြောလိုက်ရင် ခံစားမှုရသ တစ်စုံတစ်ခုကိုပေးစွမ်းနိုင်ရင်
အနုပညာမြောက်တာပဲ..။ အနုပညာ လို့ နာမည်တပ်ရင်တော့ ဖန်တီါ်သူကိုယ်တိုင်
တစ်စုံတစ်ခုတော့ စိတ်ခံစားမှုကိုရရှိဖန်တီးပြီး ကြည့်ရှူသူတွင်လည်း
တစ်စုံတစ်ခုသော ရသ ကို ရရှိစေတာ မျိုးဖြစ်စေဖို့လိုတာပါ့ပဲ..ရသ
မပေးနိုင်လျှင် အနုပညာမမြောက် ..ရသပေးနိုင်မှ အနုပညာမြောက်၏...ရသတစ်ခုခု
ပေးနိုင်ခြင်းသည် အနုပညာ၏ ကျက်သရေ..ဖြစ်၏။...အနုပညာ ၏ ကျက်သရေသည်
ကြည့်ရှူခံစားသူအား ရသတစ်ခုခု ပေးစွမ်းနိုင်ခြင်းတွင်သာတည်၏..။
အနုပညာရှင်သည် သူ၏စိတ်ခံစားမှု အလိုက် စိတ်ခြောက်ခြားစရာ ရေးလိုက
ရေးမည်ဖြစ်၏..ပျော်ရွှင်ဖွယ်ရာ ရေးလိုက ရေးမည်ဖြစ်၏...
ကြည်နူးဖွယ်ရာရေးလိုကရေးမည်ဖြစ်၏..။
သရဲပုံကြောက်စရာကောင်းသောပုံများ အမည်နာမ များ ကိုရေးခြင်းကြောင့် ကျက်သရေ
မရှိဟု ထင်မြင်ခြင်းသည် သေးနှုတ်သော ..ကျဉ်းမြောင်းသော အယူစွဲဖြစ်၏..
အရေးကြီးသည်မှာ ဖန်တီးမှုသည် ရသတစ်ခုခုကို ရရှိစေခြင်းသည်သာ
အဓိကဖြစ်၏..ပန်းပုံရေးမှ ..ဘုရားပုံရေးမှ ..အလှအပ ရေးမှ ကျက်သရေ ရှိသည် ဟု
ထင်မြင်လျင် အင်မတန် ကလေးဆန်လွန်းသော အယူအဆသာ ဖြစ်ပေ၏..
ဗင်းဆင့် ဗန်ဂိုးရေးသော အာလူးစားသူများ ပန်းချီကားသည် အနိတ်ဓါရုံ သာဖြစ်၏
..ဟောက်ပက် ဖြစ်နေသော မျက်ကွင်းများ ပိန်ချိုမ့်နေသော ပါးများ ..နှင့်
အားလူးစားသူများနှင့်ဖွဲစည်းထားသော ပန်းချီကားကို ကျက်သရေ မရှိသော
အနုပညာဟု မည်သူဆိုမည်နည်း...
ပေါလ်ေ၈ါ်၈င်၏သေမင်း နှင့် ဆိုင်သော ပန်းချီကားများ ..
ဂွါရာနီးကားကဲ့သို့သော ပန်းချီကားများ ..စစ်၏အနိဌာရုံကို ပြသထားသော
ထိုအနုပညာလက်ရာများကို ..ကျက်သရေမရှိသော အနုပညာ ဟု ဆိုလျင်
..မည်မျှသေးနုတ်သော အမြင်ဖြစ်သည်ကို စာရှုသူများ
တွေးတောဆင်ခြင်နိုင်ပေးသည်...
ဒါလီ၏ ဆာရီရယ်လစ်ဆင်ပန်းချီကားများ ..မွန့်ချရ်၏ အော် သံပန်းချီကား ကြည့်ရှူဖူးသူများ အနုပညာ ၏ ကျက်သရေကို သိရှိကြပေလိမ့်မယ်...


No comments:
Post a Comment