Layer
Palette ကိုသွားပြီး Layer1 ရဲ့ Blending mode ကို Dissolve
လို့ပြောင်းလိုက်ပါမယ်၊ ပုံကိုအခုနေကြည့်လိုက်ရင်တော့ ဘာမှာမထူးသေး ပါဘူး၊
ဒါပေမယ့် အဲဒီ Layer1 ရဲ့ Opacity ကို 50% လောက်ထားကြည့်လိုက်ပါမယ်။
ဒါဆိုရင်တော့
Layer1 ဟာကြည်ကြည်လင်လင် မြင်ရမှာမဟုတ်တော့ပါဘူး တချို့သော Pixel
တွေဟာပျောက်သွားပြီး Background Layer ရဲ့ အဖြူရောင်ကြီးကိုတွေ့ရမှာပါ၊
Layer1 ရဲ့ Opacity နဲလေလေ Background Layer
ရဲ့ဧရိယာများများပေါ်လာလေလေပါပဲ။ အဲဒီ Layer1 ရဲ့ Opacity ကိုကစားကြည့်ပါ
လွယ်လွယ်သဘောပေါက်မှာပါ။
ဒီအခြေခံလေးကိုပဲ အသုံးပြုပြီးတော့ ကျွန်တော်တို့ Image Ready မှာ Animation လုပ်ကြည့်ကြမှာပါ။ အခုပေးထားတဲ့ Sample file ကို Downloadလုပ်ပြီး
PhotoShop မှာဖွင့်လိုက်ရအောင်။ Background နဲ့ Layer1 ဆိုပြီး Layer
နှစ်ခုပါတာကိုတွေရမှာပါ။ Layer1 ရဲ့ Blending mode ကို Dissolve
ကိုရွေးလိုက်ပါမယ်၊ပြီးရင် Image Ready ကိုသွားရအောင် ( Ctrl + Shift + M
)။
Image
Ready ရဲ့ Animation Palette မှာ Frame တစ်ခုကတော့ Default ရှိနေမှာပါ၊
အခု New Frame နှစ်ခုအသစ်ထပ်ယူပါမယ်၊ စုစုပေါင်း ၃ ခုဖြစ်သွားပါပြီ။
Layer1 ရဲ့ Opacity တွေကိုတော့ Frame1 မှာ 0% Frame2 မှာ 100% နဲ့ Frame3
မှာ 0% အသီးသီးထားလိုက်ပါမယ်။
ဒါဆိုရင်
Tween လုပ်ဖို့ အဆင်သင့်ဖြစ်နေပါပြီ၊ Frame2 ကို Select လုပ်ပြီး
Animation Palette အောက်ခြေက Tweens animation frames
ဆိုတဲ့ခလုပ်လေးကိုနှိပ်လိုက်ပါ မယ်၊ Setting တွေကတော့ အောက်ပါအတိုင်းပါပဲ။
ပြီးရင်နောက်ဆုံး
Frame ဖြစ်တဲ့ Frame8 ကိုလဲ ဒီ Setting တွေအတိုင်းပဲ Tween လုပ်ပါဦးမယ်၊
နောက်ထပ်လုပ်စရာတစ်ခုကတော့ Frame duration ပါပဲ။ Frame1 နဲ့ Frame7 ကို 1
sec ထားပြီးကျန်တဲ့ Frame တွေကိုတော့ 0 sec ပဲထားလိုက်ပါ။ နောက်ပြီးတော့
Frame7 က Layer1 ရဲ့ Blending mode ကို Normal ထားပေးလိုက်ပါမယ်၊ ( ပုံရဲ့
ဘေးနားက Pixel လေးတွေ ထင်းသွားအောင်လို့ပါ)၊ ကျန်တဲ့ Frame
တွေကတော့မပြောင်းပါဘူး Dissolve ပါပဲ။ နောက်ဆုံးအဆင့်အနေနဲ့ Optimize
လုပ်လိုက်ရင် ( File>Save Optimized ) ပုံလေးကို ဒီအတိုင်းမြင်ရမှာပါ။
ဒီ
Tutorial မှာ Tween ကစားတာက Opacity ကိုကစားထားတာပါ၊ ဒါပေမယ့် Blending
mode မှာ Dissolve ဟာဆိုရင် Opacity ကိုလိုက်ပြီး တုန့်ပြန်မှုပေးပါတယ်။
Opacity များရင် Layer ရဲ့ Pixel area နဲနဲဟာ ပျောက်သွားပြီး
အောက်မှာရှိတဲ့ Layer တွေပေါ်လာပါတယ်၊ Layer ရဲ့ Opacity နဲသွားရင်တော့
Pixel တွေဟာအများကြီးပျောက်သွားပြီး အောက်မှာရှိတဲ့ Layer
တွေကိုအများကြီးမြင်လာရတာပါ။ ဒီ Opacity ကို Tween လုပ်လိုက်တော့ Dissolve
Transition တစ်ခုရလာပါတော့တယ်။
အခုဆိုရင်
Dissolve ကိုသုံးပြီး အောက်ပါပုံလေးကိုလည်း ဘယ်လိုဖန်တီးရမလဲဆိုတာကို
သင်သိနှင့်လောက်ပါပြီ။ သင်ကိုယ်တိုင်လည်း Try ကြည့်ပါဦး။ MMphotoshop
မှာ Animation သင်ခန်းစာ အတော်များများကို ရေးသားပြီးခဲ့ပါပြီ၊
ကြုံရင်လည်း ဆက်လက် ရေးသားပါဦးမယ်၊ အခုဆိုရင် သင့်ဖန်တီးမှုစွမ်းအား
တွေကို Animation တွေအဖြစ် ဒီသင်ခန်းစာတွေကိုသုံးပြီး အကောင်အထည်
ဖော်နိုင်လောက်ပါပြီ။
No comments:
Post a Comment