အရောင်များကိုတန်ဖိုးနဲ့ရွေးချယ်ရာမှာတော့ Decimal value (
0 မှ 255 ထိ ) နဲ့ဖြစ်စေ Hex value (00 မှ FFထိ ) နဲ့ဖြစ်စေရွေးယူ
နိုင်ပါတယ်။ ဥပမာ RGB စနစ်မှာအနီရောင်စစ်စစ်ကိုရယူလိုလျင် Decimal
value တွင် (255,0,0) သို့မဟုတ် Hex value တွင် (FF,00,00)
ဟုရိုက်ရပါမည်။
အရောင်စနစ်များတွင် မူလရောင် (ဥပမာ RGB စနစ်တွင်မူလရောင်သည် Red, Green
and Blue , CMYK စနစ်တွင်မူလရောင်သည် Cyan, Magenta, Yellow, Black)
များကိုပေါင်းစပ်ခြင်းဖြင့် တစ်ဆင့်ရောင်နှင့်
အခြားအရောင်များကိုရရှိပါသည်။သို့ဖြင့် RGBစနစ်တွင် အ၀ါ ရောင်ရလိုပါက
Red နှင့် Green တို့ကိုတန်ဖိုးအများဆုံး (255,255,0)
ပေးကာရောပေးရပါမည်။ အလားတူအခြားအရောင်များကိုလဲ ပေါင်းစပ်
ရယူနိုင်ပါသည်။ အကယ်၍သင်ရွေးလိုက်သောအရောင်ဟာ print ထုပ်လို့မရနိုင်ရင်
out of gamut for printing sign လေးပေါ်လာ ပါလိမ့်မယ် ဒါမှမဟုတ် web
page တွေမှာမပြနိုင်ဘူးဆိုရင် not a web safe color sign
လေးပေါ်လာပါလိမ့်မယ်။ အဲ့ဒီ sign လေးကို mouse နဲ့ click
နှိပ်ပေးလိုက်တာနဲ့ နီးစပ်တဲ့တခြားအရောင်တစ်ခု ကို photoshop
ကရွေးချယ်ပေးပါလိမ့်မယ်။RGB စနစ်ကို monitor, photo printing services နှင့်အခြားသောလုပ်ငန်းများတွင်သုံးပြီး CMYK ကိုတော့ ပုံနှိပ် offset နှင့် vinyl printing ကဲ့သို့သောလုပ်ငန်များတွင်သုံးပါတယ်။ ပုံတစ်ခုတွင် RGB စနစ်မှ CMYK စနစ်သို့ဖြစ်စေ CMYK စနစ်မှ RGB စနစ်သို့ဖြစ်စေ ပြောင်းလဲခြင်းသည် အသုံးပြုထားသောအရောင်များကိုပြောင်းလဲသွားစေနိုင်ပါတယ်။ ထို့ကြောင်းမိမိအသုံးပြုလိုသော အကြောင်းအရာ ကိုမူတည်၍ အရောင်စနစ် ကိုဦးစွာရွေးချယ်သင့်ပါတယ်။
PC Monitor ကို RGB color ဟုယူဆပြီး
ပုံနှိပ်မည့်စက္ကူဖြူကို CYMK ဟုယူဆလျင်မှတ်ရလွယ်ကူပါလိမ့်မည်။ သဘော
သဘာဝခြင်းလည်း ဆင်တူပါသည်။
အဖြူရောင်ကိုရရှိရန် RGB တွင် (255,255,255)
အရောင်သုံးခုစလုံးကိုအများဆုံးတန်ဖိုးပေးရပါတယ်၊ ဒါကြောင့် RGB color
များကို Additive color လို့ခေါ်ပါတယ်။ CMYK
မှာတော့ပုံနှိပ်လုပ်ငန်းနဲ့ဆိုပို ရှင်းပါတယ် စက္ကူအဖြူပေါမှာ
အဖြူရောင်ရဖို့ဘာဆေးမှမလိုပါဘူး။ ဒါကြောင့် (0,0,0,0) ထိချပေးရမှာပါ။
အဲဒါအတွက်ကြောင့် CMYK color များကို Subtractive color လို့ခေါ်ပါတယ်။


No comments:
Post a Comment