အနန္တောအနန္တငါးပါးနှင့်တကွ သင်ဆရာ မြင်ဆရာ ကြားဆရာများအားလုံးကိုဦးထိပ်ထားလျှက် ယခုဘလော့ပိုစ်အားပြင်ဆင်ပါသည်။

ပန်းချီ၏အသက်သည်“ပုံစွဲ”ပန်းချီ၏ရသသည်“ဒီဇိုင်း”ပန်းချီ၏အနှစ်သာရသည်“အရောင်”အနုပညာဆိုတာအမှန်တရားမဟုတ်မုသာဝါဒဖြစ်တယ်ဒါပေမယ့် ငါတို့ကိုအမှန်တရားနားလည်လာအောင်သင်ပေးတယ်
Glitter text

Thursday, May 24, 2012

Anti-aliasing

ပုံရိပ်များရဲ့ဖွဲ့စည်းပုံ သဘာဝသင်ခန်းစာမှာ Raster Graphics တွေဟာ Pixel တွေကိုအခြေခံတယ်လို့ ပြောခဲ့ပါတယ်။ အဲဒီ Pixel တွေကိုလဲ လေးထောင့်ပုံရှိတယ်လို့လဲ ယူဆလိုက်ပါဦး။ ဒါဆိုရင် Vertical Line တစ်ခုရဖို့ဆိုရင် လေးထောင့်ပုံရှိတဲ့ Pixel လေးတွေကို တစ်ခုပေါ် တစ်ခု ဆင့်သွားရမှာပေါ့။ ပုံမှာကြည့်ပါ။ Horizontal Line ဆိုရင်လဲဒီအတိုင်းပါပဲ လေးထောင့်ပုံရှိတဲ့ Pixel လေးတွေကို ဘေးတိုက်ဆက်သွား ရမှာပေါ့။
 အဲဒီအထိကတော့အဆင်ပြေတုန်းပါပဲ၊ ဒါပေမယ့် မျဉ်းစောင်း 45 degree Line ဆိုရင် ဒီလိုပုံဖြစ်သွားမှာပေါ့။
ကိုယ်တိုင်ဆွဲကြည့်လိုက်ပါ။ အခုအောက်မှ နမူနာပုံလေးလည်းပေးထားပါတယ်။အဲ့ဒီအတိုင်းမြင်ရပါလိမ့်မယ်။
 အတွန့်အတွန့်လေးတွေဟာ Line ဘေးတစ်လျှောက်မြင်နေရမှာပါ။ ဒါကို Aliasing လို့ခေါ်ပါတယ်။ အဲဒီ Aliasing ကိုပြေလည်ဖို့ဘယ်လိုလုပ်ကြ သလဲဆိုတော့ အဲဒီမျဉ်းရဲ့ဘေးတစ်ဖက်တစ်ချက်ကထောင့်ကွက်ဖြစ်နေတဲ့နေရာတွေကို Pixel သို့ အရောင်ပါးပါးလေးတွေ လိုက်ဖြည့်လိုက် ပါတယ်။ ဒါဆိုရင်ပုံကအခုလိုဖြစ်သွားပါတယ်။
Aliasing ကိုပြေလည်စေလို့ Anti-aliasing လို့ခေါ်တာပါ။ Photoshop ရဲ့ Tools ထဲမှာတင် Rectangular Marquee tool နဲ့ Elliptical Marquee tool ကိုပဲကြည့်ပါ Group တစ်ခုထဲမှာရှိပေမယ့် Rectangular Selection လုပ်ဖို့အတွက်က Anti-aliased ဖြစ်ဖို့မလိုဘူးလေ၊ ဒါကြောင့် Rectangular Marquee ကိုရွေးထားချိန်မှာ Tool Option box ကိုကြည့်ရင် Anti-aliased ဆိုတဲ့ Option လေးဟာ Disable ဖြစ်နေပါလိမ့်မယ်။
ဒါပေမယ့် Elliptical Selection ဆိုရင်တော့ Anti-aliased ဆိုတဲ့ Option ဟာ Enable ဖြစ်လာပါတယ်။
အလျားလိုက် သို့မဟုတ် ထောင်လိုက် Selection ကလွဲရင်ကျန်တာတွေဟာ Anti-aliased ဖြစ်မှပုံဟာ Smooth ဖြစ်နေမှာပါ။ Magic wand နဲ့ Lasso Tools တွေမှာလဲ Anti-aliased Option ဟာ Enabled ဖြစ်နေမှာပါ။ မိမိလိုချင်ရင် Check လုပ်ခဲ့ပြီး မလိုအပ်ရင် Uncheck လုပ်ခဲ့ရုံပါပဲ။ Polygon Lasso Tool နဲ့ 45 degree မျဉ်းစောင်း Selection တစ်ခုကို Anti-aliased Option ကို Check လုပ်ပြီးဆွဲထားတာနဲ့ Uncheck နဲ့ဆွဲတာကိုFill လုပ်ပြီးယှဉ်ကြည့်ပါဦး။ ပိုပြီးသဘောပေါက်လာမှာပါ။
Ant-aliasing ကို Photoshop မှာတင်မြင်ရတာမဟုတ်ပါဘူး အခြား Graphics Software တွေမှာလဲမြင်တွေ့ရမှာပါ။ ဥပမာ Illustrator နဲ့ဆွဲထားတဲ့ ပုံတစ်ခုကို Raster format တစ်ခုခုကို Export လုပ်တယ်ဆိုပါစို့ Export Option မှာလဲ Anti-aliasing ယူမလားလို့လာမေးမှာပါ။ အထူးသဖြင့် Vector graphics ကနေ Raster image ပြောင်းတဲ့အခါမျိုးမှာ ဒီ Option လေးဖွင့်ခဲ့ဖို့မမေ့ပါနဲ့။


No comments:

Post a Comment