နိုင်ငံတကာရဲ့ဖက်ရှင်ဒီဇိုင်းတွေကိုလေ့လာချင်တယ်ဆိုရင်တော့အောက်မှာပေးထားတဲ့လင့်မှာ
သွားရောက်လေ့လာနိုင်ပါတယ်။
http://mandalar.net/gallery/
အနန္တောအနန္တငါးပါးနှင့်တကွ သင်ဆရာ မြင်ဆရာ ကြားဆရာများအားလုံးကိုဦးထိပ်ထားလျှက် ယခုဘလော့ပိုစ်အားပြင်ဆင်ပါသည်။
Thursday, May 31, 2012
သင်ဒီဇိုင်းပညာကိုလေ့လာမှာလား
ဒီဇိုင်နာ တစ်ယောက် ဖြစ်ဖို့ လွယ်တယ်လို့ သင်ထင်ပါသလား။ ဒီဇိုင်းနဲ့
ပတ်သက်တဲ့ သင်တန်းတွေ တက်မယ်၊ တစ်ချို့တွေကတော့ သင်တန်း မတက်ဘူး။
ကိုယ်တိုင် လေ့ကျင့်မယ်။ အဲဒီနောက်မှာတော့ ဒီဇိုင်နာ အလုပ်တစ်ခု
ဝင်လျှောက်မယ်၊ အဲဒီလို မလျှောက်ချင်ဘူး ဆိုရင်တော့ Freelance Designer
လုပ်မယ် ဆိုပါတော့။ အများသူငါတွေက ဒီဇိုင်းတွေ အပ်ကြမယ်။ ကိုယ်က
သူတို့လိုချင်တဲ့ ပုံစံတွေကို ဖန်တီးပေးမယ်၊ ပိုက်ဆံ ရမယ်။ ဒီလို
တွေးကြည့်ရင်တော့ ဒီဇိုင်နာ လုပ်ရတာ မခက်ပါဘူး။
ဒါပေမယ့် တကယ့်ကို တော်တဲ့ ကျွမ်းကျင်တဲ့ ဒီဇိုင်နာ၊ ဒေါင်ဒေါင်မြည် ဒီဇိုင်နာ တစ်ယောက် ဖြစ်ဖို့ဆိုရင် လေ့ကျင့်မှုတွေ အများကြီး လုပ်ဖို့ လိုပါတယ်။ အပြင်းအထန် ကြိုးစားဖို့ လိုပါတယ်။ မြှတ်နှံပြီး လုပ်ဖို့ လိုအပ်ပါတယ်။ အကယ်၍ သင့်အနေနဲ့ ခုမှ ဒီဇိုင်နာ ဖြစ်ဖို့ ကြံစည်နေတဲ့ သူတစ်ယောက် အနေနဲ့ ဆိုရင် ဒီဇိုင်နာအလုပ်ကို မေဂျာနေရာမှာ ထားရမလား၊ မိုင်နာ နေရာမှာ ထားရမလား စသည်ဖြင့် သိချင်လာပါလိမ့်မယ်။ ကိုယ့်အနေနဲ့ ဒီဇိုင်နာ တစ်ယောက်အဖြစ် အသက်မွေးဝမ်းကြောင်း ပြုသင့်မပြုသင့် စမ်းစစ်ကြည့်ချင် လာပါလိမ့်မယ်။ ဒီလို မြှတ်နှံပြီး လုပ်ရမယ့် နေရာတွေမှာ အချိန်ပေးပြီး လုပ်ရမယ့်နေရာတွေမှာ ခရီးတော်တော်ပေါက်မှ မဖြစ်နိုင်မှန်း သိတဲ့အခါ တော်တော် စိတ်ပျက်ဖို့ကောင်းပါတယ်။ ဒါကြောင့် မစခင်ကတည်းက ဖြစ်နိုင် မဖြစ်နိုင် ကြိုတင် စမ်းစစ်တာ အကောင်းဆုံးပါပဲ။ ကဲ ကျွန်တော်တို့ ကိုယ်ကိုယ်ကို ဒီဇိုင်နာ မဖြစ်သင့်တဲ့ အချက်တွေ စမ်းစစ်ကြည့်ရအောင် . . . . . . . . . . .
၁။ သင့်မှာ အနုပညာ ဓာတ်ခံမရှိရင် ဒီဇိုင်နာ မလုပ်ပါနဲ့

ဒီလိုပြောလိုက်ရင်
နည်းနည်းတော့ ခေါင်းခြောက် သွားပါလိမ့်မယ်။ တစ်ချို့တွေက ဒီဇိုင်နာနဲ့
အနုပညာဓာတ်ခံကို ခွဲခြားပြီး တွေးတတ်လို့ပါ။ လုံးဝမဆိုင်တဲ့ သီးခြား
အုပ်စုတွေလို့ မြင်တတ်ကြပါတယ်။ တစ်ချို့တွေကတော့ အနည်းငယ် ဆက်စပ်မှု
ရှိတယ်လို့ လက်ခံကြပါတယ်။
တကယ့် သဘောမှာတော့ အဲဒီလို အမျိုး
မတူဘူးလို့ တွေးတာ အနုပညာ ဓာတ်ခံမရှိပဲ ဒီဇိုင်နာ ဖြစ်နိုင်တယ်
ဆိုတဲ့အတွေးဟာ မှားတယ်လို့ ဆိုနိုင်ပါတယ်။ ဒီဇိုင်နာဆိုတာ အနုပညာသမားပါပဲ။
အနုပညာ ဓာတ်ခံရှိတဲ့သူတွေ ဖြစ်ပါတယ်။ အဲဒီလို ဘာကြောင့် ဆိုနိုင်သလဲဆိုရင်
ခုခေတ်မှာ တကယ့်အောင်မြင်တဲ့ ဒီဇိုင်းတွေ၊ ဖန်တီးချက်တွေ အားလုံးဟာ အနုပညာ
ပစ္စည်းတွေ ဖြစ်လို့ပါပဲ။
အကောင်းဆုံးဆိုတဲ့
ဒီဇိုင်းလိုဂိုတွေ၊ Website ဒီဇိုင်းတွေ အများစုဟာ စာရွက်ပေါ်မှာ
ရေးခြစ်ပုံဖော်ပြီး ဒီဇိုင်းအဆင့်ကို စခဲ့ကြတာပဲ ဖြစ်ပါတယ်။ ဒါက Website
တွေမို့ ထားပါဦး။ ကွန်ပျူတာပေါ်မှာ ဒီဇိုင်းတွေ ဆွဲနိုင်ဖို့ အထောက်အပံ့
ပေးနေတဲ့ Photoshop လို Illustrator လို Software တွေမှာလည်း အနုပညာမြောက်
ပစ္စည်းတွေ အပြင်မှာလို ဖန်တီးနိုင်အောင် စီစဉ်ပေးထားတာ တွေ့ရမှာ ဖြစ်ပါတယ်။
ဒါကြောင့် အနုပညာ ဓာတ်ခံ မရှိရင် ဒီဇိုင်နာ မလုပ်ပါနဲ့။
၂။ ဒီဇိုင်းတွေကို မချစ်တတ်ရင် ဖန်တီးဖို့ အရူးအအမူးမဖြစ်ရင် ဒီဇိုင်နာ မလုပ်ပါနဲ့
တကယ့်ကို
ဒေါင်ဒေါင်မြည် ဒီဇိုင်နာတွေဆိုတာ ဒီဇိုင်းတွေကို ချစ်တတ်ကြသလို
ဖန်တီးဖို့လည်း အရူးအမူး စိတ်အား ထက်သန်ကြပါတယ်။ ဒီဇိုင်းဖန်တီးနေတဲ့
အချိန်မှာ ထမင်းမေ့ဟင်းမေ့ လုပ်တတ်ကြပါတယ်။ ရူးသွပ်တယ် ဆိုတာ ကြိုက်တယ်၊
နှစ်သက်တယ် ဆိုတာထက် အများကြီး ပိုပါတယ်။ အဲဒီနေရာမှာ ရူးသွပ်မှု အဆင့်ကို
ဘယ်လို တိုင်းတာမလဲ။ အဓိကက ဒီဇိုင်းသမားဟာ ဒီဇိုင်းဆွဲဖို့သာ
အာရုံကျနေဖို့ပါ။ ဒီ ဒီဇိုင်းက ပိုက်ဆံ ဘယ်လောက် ရမှာလဲ၊ ဘယ်လောက်
အထိလုပ်ရမှာလဲ၊ စသည်ဖြင့် တွေးမနေတတ်ပဲ ဒီဇိုင်းက ဒီဇိုင်းအတွက်၊ Art for
Art Sake ဆိုသလို တွေးတော ဖန်တီးနေတာမျိုးပါ။ အဲဒီလို အရူးအမူး ဖြစ်နေမှသာ
အသစ်တွေကို ဖန်တီးနိုင်သလို အသစ်တွေကို ဆာလောင်တတ်လာမှာ ဖြစ်ပါ တယ်။
အဲဒီအပြင် ကိုယ့်အနေနဲ့ ဒီဇိုင်နာ
တစ်ယောက် အရူးအမူးကို ဖြစ်ချင်နေဖို့ လိုပါတယ်။ မဟုတ်ရင်တော့
ဒီဇိုင်နာကောင်း တစ်ယောက် ဖြစ်လာမှာ မဟုတ်ပါဘူး။
“လက်ကုန်သွားတယ်”
ဆိုတဲ့ ပြဿနာဟာ ဒီဇိုင်နာတွေအတွက် အဓိက အတားအဆီး ဖြစ်ပါတယ်။ အဲဒီလို
လက်ကုန်သွားတဲ့ အချိန်မှာ စာရေးတာပဲ ဖြစ်ဖြစ် ဒီဇိုင်းဆွဲတာပဲ ဖြစ်ဖြစ်
ဘာမှ ရှေ့ဆက်လို့ မရ ဖြစ်သွားတတ်ပါတယ်။ အဲဒီလို လက်ကုန်သွားတဲ့ အချိန်မှာ
လက်ပြန်တက်လာဖို့ အသစ်တွေကို ဆက်လက်ဖန်တီးဖို့ စောင့်ရတဲ့အချိန်ကို အတိအကျ
ပြောလို့ မရတော့ပါဘူး။ အဲဒီလိုစောင့်ရင်း စောင့်ရင်း ပုံစံတူ ပရောဂျက်
တစ်ခုများ ရောက်လာမလားလို့ တွေးရင် အချိန်တွေ ကုန်သွားတဲ့သူတွေ မနည်းပါဘူး။
အဲဒီလို လက်ကုန်ရခြင်း အကြောင်းအရင်းတွေကို ပြန်ကြည့်မယ်ဆိုရင်
အကြောင်းအရင်းတွေက အများကြီး ဖြစ်လာပါလိမ့်မယ်။ အနုပညာ လွပ်လပ်ခွင့်မရတာ၊
ကြေးစားဒီဇိုင်နာ ဆန်လာတာ၊ အသစ်တွေကို တွေးတောဖို့ အချိန်မရတာ၊
ဥာဏ်မကွန့်မြူးနိုင်တာ၊ ကျင်လည်နိုင်တဲ့ နယ်ပယ် ကုန်သွားတာ စသည်ဖြင့်
အများကြီး ရှိနိုင်ပါတယ်။ အဲဒီလို ဖြစ်လာပြီဆိုရင် ကိုယ့်ကို ပြန်လည်
လက်တက်နိုင်ဖို့ အသစ်တစ်ဖန် ပြန်လည် မွေးဖွားပေးနိုင်ဖို့ တစ်ခုတည်းသော
နည်းကတော့ ရူးသွပ်မှု ပါပဲ။ အဲဒီအချိန်မှာ ရူးသွပ်တဲ့စိတ် ကို
ပြန်လည်မွေးမြူဖို့ လိုပါတယ်။ အဲဒီလို မွေးလိုက်မှ ဘေးကနေ သက်ရောက်နေတဲ့
အတားအဆီးတွေကို ဖယ်ရှား နိုင်မှာ ဖြစ်ပါတယ်။ ဒီတော့ ဒီဇိုင်းတွေကို မချစ်ရင် ဒီဇိုင်းတွေကို ဖန်တီးဖို့ မရူးသွပ်ရင် ဒီဇိုင်နာ မလုပ်ပါနဲ့။
၃။ လွယ်လွယ်နဲ့ အရှုံးပေးတတ်သူ၊ အာရုံမစိုက်နိုင်တဲ့သူ၊ အချိန်မပေးနိုင်တဲ့သူဆိုရင် ဒီဇိုင်နာ မလုပ်ပါနဲ့
ဒီဇိုင်နာတွေ
အနေနဲ့ အာရုံစူးစိုက်မှု ရှိဖို့ဆိုတာ မရှိမဖြစ် လိုအပ်တဲ့ အချက်ဖြစ်ပါတယ်။
တစ်ခုတည်း အပေါ်မှာ အာရုံစူးစိုက်မှု ရှိရှိ ဈန်ဝင်စားပြီး လုပ်မှသာ
ဒီဇိုင်းကောင်းတွေ ထွက်လာနိုင်ပါတယ်။ အဲဒီလို အာရုံစိုက်ပြီး
ဒီဇိုင်းတွေကို ရေးဆွဲတဲ့အခါမှာလည်း တစ်ခါတစ်လေမှာ ၁၅ မိနစ်၊ နာရီ ဝက်နဲ့
ပြီးပြည့်စုံတဲ့ ဒီဇိုင်းတစ်ခု ထွက်လာနိုင်သလို တစ်ခါတစ်လေမှာ တစ်နှစ်၊
နှစ်ရက်၊ သုံးလေးရက် စသည်ဖြင့် အချိန်တွေ ကြာပြီး ဒီဇိုင်း ဖြစ်မလာတာလည်း
ရှိတတ်ပါတယ်။ အဲဒီလို အချိန်မှာ လွယ်လွယ်နဲ့ လက်လျော့တဲ့သူ၊
အာရုံမစိုက်နိုင်တဲ့သူ အချိန်မပေးနိုင်တဲ့သူတွေ အနေနဲ့ ဘယ်လိုမှ
ဒီဇိုင်းအလုပ် မလုပ်နိုင်ဘူးဆိုတာ အသိသာကြီး ဖြစ်ပါတယ်။
ကိုယ့်အနေနဲ့ ကြော်ငြာလုပ်ငန်းအတွက် ဒီဇိုင်နာလုပ်မယ်လို့ စိတ်ကူးထားသလား။
ဒါဆိုရင်တော့ အရောင်တွေချိန်းတာ၊ စွန်းထင်းနေတာတွေ ဖယ်ရှားတာ၊ တကယ့်
အစစ်အမှန်အတိုင်း ဖြစ်အောင် ဖန်တီးတာ၊ ဖောင့်တွေမျိုးစုံသုံးတာ အရောင်းတွေ
ကစားတာ စသည်ဖြင့် ပျင်းလောက်အောင် ထိုင်ပြီး လုပ်ရပါတော့မယ်။ တစ်ခါတစ်လေ
ဒီဇိုင်းတစ်ခုကို တစ်ပတ်နဲ့တောင် မအပ်နိုင်တာမျိုးတွေ ရှိလာတော့မှာ
ဖြစ်ပါတယ်။ ဒါပေမယ့် တကယ့် အလုပ်မှာတော့ အချိန်ကန့်သတ်ချက်တွေ ရှိလာမှာ
ဖြစ်ပါတယ်။ အဲဒီလို ကျဉ်းထဲကျပ်ထဲ ရောက်တဲ့အခါ လွယ်လွယ်နဲ့
အရှုံးပေးတတ်တဲ့သူ၊ အာရုံမစိုက်နိုင်တဲ့သူ၊ အချိန်မပေးနိုင်တဲ့သူ
ဒီဇိုင်းနာလုပ်ဖို့ မဖြစ်နိုင်တော့ပါဘူး။
၎။ ပေါင်းသင်းဆက်ဆံရေး မကောင်းရင် ဒီဇိုင်နာ မလုပ်ပါနဲ့
ဒါကတော့
ကိုယ့်အဖွဲ့ကလူတွေနဲ့ အဆင်ပြေရဲ့လား ဆိုတဲ့အပေါ် မူတည်ပါတယ်။ အဖွဲ့လိုက်
လုပ်ကိုင်ဆောက်ရွက် တတ်ရဲ့လား။ ဒီမေးခွန်း ကတော့ လူတိုင်း ရင်းနှီးပြီးသား
ဖြစ်မှာပါ။ အလုပ်လုပ်ဖူးတယ် ဆိုရင်ပေါ့။ အဲဒီလိုပါပဲ ဒီဇိုင်နာ
အလုပ်တွေမှာလည်း လူအများနဲ့ ပူးပေါင်း ဆောင်ရွက် နိုင်ဖို့ လိုပါတယ်။
ဒါကတော့ ဒီဇိုင်နာ တော်တော်များများ ဘဝင်မကျနိုင်တဲ့ ကိစ္စဖြစ်ပါတယ်။
ဒီဇိုင်းဆွဲမယ်ဆိုရင် တစ်ယောက်တည်း ထိုင်ပြီးဆွဲချင် ကြပါတယ်။ ဒါပေမယ့်
တကယ့် အလုပ်လောကမှာ အဲဒီလို လုပ်လို့ မရပါဘူး။ အပိုင်းလိုက် အကန့်လိုက်
တာဝန်ယူကြရပါတယ်။ သူက Heading Design ကိုယ်က Body Design စသည်ဖြင့်
တာဝန်ယူ ရေးဆွဲကြရပါတယ်။ အဲဒီအခါမှာ ပူးပေါင်းဆောင်ရွက်မှု မရှိရင်
တကယ်တန်း Product အဖြစ် ပြန်ပေါင်းတဲ့အခါ ဘယ်လိုမှပေါင်းလို့ ကိုက်မှာ
မဟုတ်တော့ပါဘူး။ သူက Color Scheme တစ်မျိုး၊ ကိုယ်က Color Scheme
တစ်မျိုးဆိုရင် ဘယ်လိုမှာ ပေါင်းလို့ရမှာ မဟုတ်ပါ။
ဒါပေမယ့် ဒီဇိုင်း အလုပ်တွေမှာ တစ်ခါတစ်လေ
တစ်ဦးတည်း ကြိတ်ရတာတွေလည်း ရှိပါတယ်။ အဲဒီလို တစ်ဦးတည်း ကြိတ်ရတာလည်း
ရှိသလို ပူးပေါင်းဆောင်ရွက် ရတာလည်း ရှိပါတယ်။ အဲဒီအတွက်
ပေါင်းသင်းဆက်ဆံရေး ကောင်းဖို့ ပူးပေါင်းဆောင်ရွက် တတ်ဖို့ လိုလာတာ
ဖြစ်ပါတယ်။
ပေါင်းသင်းဆက်ဆံရေး
ကောင်းဖို့ ဆိုတဲ့နေရာမှာ ကိုယ့်ကို အလုပ်အပ်တဲ့သူတွေနဲ့ အဆင်ပြေတာ၊ ကိုယ့်
လုပ်ဖော်ကိုင်ဖက်တွေနဲ့ အဆင်ပြေတာ စတဲ့အချက်တွေတင် ပြောတာ မဟုတ်ပါဘူး။
တကယ်တော့ ဒီဇိုင်းဆိုတာကလည်း အချင်းချင်း အပြန်အလှန် ဆက်သွယ်တဲ့ ကြားခံ
ဖန်တီးမှု တစ်ခုဖြစ်ပါတယ်။ ဒါကြောင့် ပေါင်းသင်းဆက်ဆံရေး ပစ္စည်းတစ်ခုပဲလို့
ဆိုရင် မှားမယ် မထင်ပါဘူး။ ဒါကြောင့် ပေါင်းသင်းဆက်ဆံရေး ကောင်းရင်
ပေါင်းသင်းဆက်ဆံရေး သဘောတရားတွေကို နားလည်ရင် ဒီဇိုင်းကောင်းကောင်း
ဖန်တီးနိုင်မယ်လို့ ဆိုပါတယ်။ ဒါကြောင့် ပေါင်းသင်းဆက်ဆံရေး မကောင်းရင် ဒီဇိုင်နာ မလုပ်ပါနဲ့။
၅။ ဝေဖန်မှုတွေ မခံနိုင်ရင် ဒီဇိုင်နာ မလုပ်ပါနဲ့
လူတစ်ယောက်က
ကိုယ့်အိမ်ထဲ ဝင်လာပြီး မင်း အခန်းကို ဒီလိုပြင်ပါလား၊ ဟိုလိုပြင်ပါလားနဲ့
ပြောရင် ဝေဖန်ရင်၊ ချက်ချင်း စိတ်တိုလာမှာ သေချာပါတယ်။ မခင်တဲ့သူဆို
မျက်နှာကို လက်သီးနဲ့ ပိတ်ထိုး ပစ်ချင်စိတ် ပေါက်လာမှာ သေချာပါတယ်။
ဒါပေမယ့် ဝေဖန်ရေးဆိုတာ ဒီဇိုင်နာတွေ အတွက် မရှိမဖြစ် အရေးပါတဲ့
အရည်အသွေးထိန်းသိမ်းရေး၊ တိုးတက်ရေး အခန်းကဏ္ဍ ဖြစ်ပါတယ်။ အဲဒီလို ဝေဖန်တာကို
ခံနိုင်မှလဲ တကယ့်ကို ကောင်းမွန်တဲ့ ဒီဇိုင်းတွေ ပူးပေါင်းဆောင်ရွက်မှုတွေ
ဖြစ် လာမှာ ဖြစ်ပါတယ်။
လူတစ်ယောက်ရဲ့ အိုင်ဒီယာကို
မကောင်းဘူးလို့ သွားပြောတာ တကယ်တော့ ဘယ်သူမှ ကြိုက်မှာ မဟုတ်ပါဘူး။
ဒါပေမယ့် ဝေဖန်မှုတိုင်းတော့ အလုပ်ဖြစ်မယ် တပ်အပ် မပြောနိုင်ပါဘူး။
ဝေဖန်မှုကို ကောင်းကောင်းမွန်မွန် တုန့်ပြန်တတ်ဖို့ လိုသလို ကိုယ်က ပြင်ဖို့
လိုနေရင်လည်း ပြုပြင်တတ်ဖို့ လိုပါတယ်။ ဒီလိုဆိုတော့လည်း ဝေဖန်လာတိုင်း
လည်ပင်းကြောထောင်အောင် ပြန်ငြင်းခိုင်းတာ မဟုတ်ပါဘူး။ အကောင်းဆုံး
ဒီဇိုင်းတစ်ခု ထွက်ပေါ်လာရေး ဆိုတဲ့ အခြေအနေအပေါ်မှာ မူတည်ပြီး အလုပ်သဘော
ဝေဖန်ဆွေနွေးကြတာကို ဆိုလိုပါတယ်။
အဲဒီလို
ဝေဖန်မှုဆိုတာ ကိုယ့်လုပ်ဖော်ကိုင်ဖက် အချင်းချင်းတင် မဟုတ်ပါဘူး။
ကိုယ့်ကို အလုပ်အပ်သူတွေနဲ့ ပြောဆိုဆက်ဆံတဲ့ အခါမှာပါ အရေးပါ ပါတယ်။
ကိုယ်ကို လာအပ်တဲ့ Customer အနေနဲ့ ဒီဇိုင်း အလုပ်နဲ့ မရင်းနှီးနိုင်တာ
အများကြီးပါမှာ ဖြစ်ပါတယ်။ အဲဒီလို အခြေအနေမျိုးနဲ့ အလုပ်အပ်တာ ဆိုရင်
ကိုယ့်က အကောင်းဆုံး ဆွဲထားပေမယ့် Customer အနေနဲ့ ဝေဖန်မှာ သေချာပါတယ်။
ဟိုဟာ ပြင်ခိုင်း ဒီဟာ ပြင်ခိုင်းတွေ ရှိလာပါလိမ့်မယ်။ အဲဒါအခါမှာ
ကိုယ့်အနေနဲ့ ဝေဖန်မှုဒါဏ်ကို ခံနိုင်ရည်ရှိပြီး Customer နဲ့
ညှိနှိုင်းတတ်ဖို့ လိုပါတယ်။ အဲဒီလိုမှ မညှိနှိုင်းပဲ၊ နားလည်တာလဲ မဟုတ်ပဲနဲ့
လာဝေဖန်နေတယ်လို့ မြင်ရင်တော့ မျက်နှာကို လက်သီးနဲ့ ပိတ်ထိုး
ပစ်ချင်စိတ်တွေ တစ်ဖွားဖွား ဖြစ်လာမှာ သေချာပါတယ်။
ကိုယ်က
Customer နဲ့ တိုက်ရိုက် ထိတွေ့ရတာ မဟုတ်ပဲ၊ အထက်မှာ ဘော့စ်နဲ့
သွားရတာမျိုးဆိုရင်လည်း ဝေဖန်မှုက လွတ်မှာ မဟုတ်ပါဘူး။ ကိုယ်က အကောင်းဆုံး
ဖြစ်အောင် တစ်နေ့လုံး တစ်ညလုံးဆွဲထားတဲ့ ဒီဇိုင်းကို ဘော့စ်က
အကောင်းမြင်ချင်မှ မြင်ပါလိမ့်မယ်။ အဲဒီအခါမှာ ဟိုဟာ မလုပ်နဲ့ ဒီဟာလုပ်
စတဲ့ ညွှန်ကြားချက်တွေ ရလာနိုင်ပါတယ်။ အဲဒီအခါ ဝေဖန်မှုကို ခံနိုင်ရည်
မရှိရင် မလွယ်ပါဘူး။ ဒီတော့ ဝေဖန်မှုဆိုတဲ့ အပူဒါဏ်ကို ခံနိုင်ရဲ့လား၊ မခံနိုင်ရင်တော့ ဒီဇိုင်နာ မလုပ်ပါနဲ့။
လို့မြန်မာphotoshop အဖွဲ့ကရေးသားဖော်ပြပေးထားပါတယ်
Photoshop ၀ါသနာရှင်အတွက် အလွယ်ဆုံး ပုံပြင်နည်း နဲ့ Stoik Df 4(full)

ဒီဆော့ဝဲလေးက Photoshop ၀ါသနာရှင်တွေအတွက် အသုံးဝင်တဲ့ ဆော့ဝဲတစ်ခုပါ
အသေးစိတ်အသုံးပြုနည်းတွေကိုတော့ လေ့လာကြည့်ပါ ။ပုံအသေကို ပုံအရှင်ဖြစ်လာ
အောင် လုပ်ရင် လွယ်တယ် ။ ဥပမာ- သာမာန်ကြည့်နေတဲ့ ပုံတစ်ပုံကို မျက်စေ့မှိတ်
လိုက် ဖွင့်လိုက် လုပ်လို့ လည်းရတယ် ပြန်ပြင်မယ်ဆိုလည်း ဓာတ်ပုံပြင်ဖို့ Tools တွေ
အများကြီးပါတယ် ။ သဘောအကျဆုံးကတော့ ပြင်ပြီးသားပုံကို ပုံအရှင် Animation
အဖြစ် Save လို့ ရတာပါ ပုံမှန် ဓာတ်ပုံ JPEG နဲ့  Save လို့ ရသလို Viedeo Format
နဲ့  Save ချင်လည်းရပါတယ်။ အသုံးဝင်တဲ့ ဆော့ဝဲကောင်းလေးမလို့  ဓာတ်ပုံဝါသနာ
ပါတဲ့ သူငယ်ချင်းအတွက် ဆောင်ထားသင့်တဲ့ ဆော့ဝဲတစ်ခုဖြစ်ပါကြောင်း.............။
System Requirements:
- Windows® 7, Vista or XP
- 50 MB free hard drive space required for program installation
- 512 MB RAM or above for Windows® XP, 1GB RAM or above ...
ဒီလင့်မှာ Download ယူပါ http://www.mediafire.com/Stock Deformer 4
မူရင်းလင့် http://www.torrentcrazy.com/03c/torrents/sto and-keygen
မူရင်းလင့် http://www.stoik.com/products/
ဓာတ်ပုံနှစ်ပုံကို ခေါင်းဖြတ်ဆက်ပြီး လူစားထိုးတဲ့ဆော့ဝဲ Faceonbody

စမ်းပြီးမှ ပေးတာ ဖြတ်ပြီးဆက်ကြည့်တာ ဘဲထီး good ဘဲမ good key က s63+++s3+63
ဒီဆော့ဝဲရဲ့အသုံးဝင်ပုံကတော့ ကိုယ်တိုင်လုပ်ကြည့်မှ ပိုသိမယ် ဓာတ်ပုံတွေကို ခေါင်း
ဖြတ်ပြီး တခြားပုံမှာ သွားအစားထိုးတာမျိုး လုပ်ချင်ရင် အဆင်ပြေတဲ့ ဆော့ဝဲကောင်
တစ်ခုပါ ။ ဖြတ်ပြီး ဆက်လို့ လွယ်ပါတယ် ။ တချို့  မင်းသမီးတွေ နာမည်ဖျက်ချင်လို့ 
နိုင်ငံခြားက sexy ပုံတွေနဲ့  ဖြတ်ပြီးပြင်ထားတာတွေ တွေ့ နေရတယ်နော ။ ကောင်းတဲ့
ဘက်မှာသုံးရင် ကောင်းပါတယ် သုံးသူရဲ့ စိတ်ကူးပေါ်မှာ မူတည်တာပေါ့ဗျာ ။ အဲ့တော့
ဝါသနာတူရင် ဆွဲ- ပြီးရင် ကဲ ကြည့်..ကဲသာကဲ..(သားသား ပုံတော့ဖြတ်ပြီး မလုပ်နဲ့ တစ်ခါ ရဲယုစံဆိုပြီးနာမည်ကြီးဖူးလို့ပြောတာ.. . .ေိေိေိ)
ဒီလင့်မှာ Download ယူပါ http://www.mediafire.com/? Faceonbody
မူရင်းလင့်မှာ လေ့လာကြည့် http://avaxhome.ws/software/faceonbody
စိတ်ကူးကောင်းသလို ပူးတွဲဖန်တီးလို့ ရတဲ့ STG Photo creator
ဒီဆော့ဝဲလေးကတော့ ပုံနှစ်ပုံကို ထပ်တူပြပြီး ပုံရိပ်ရောင်လေးတွေနဲ့  ပူးတွဲပြချင်ရင်
အသုံးဝင်စေဖို့  မျှဝေလိုက်ပါတယ် ပုံနှစ်ပုံကိုလိုအပ်သလို ထပ်တူချပြီး ပြုပြင်လိုက်ပါ
အပေါ်ပုံမှာပြထားသလိုပါပဲ စိတ်ကူးရှိသလို သုံးလို့ ရပါတယ် ကိုယ့်ပုံလေးနောက်က
ထားပြီး ကောင်မလေးပုံလေးကို ရေးရေးလေးထပ်လိုက် သူအကြောင်းတွေးနေတဲ့ပုံ
စိတ်ကူးကောင်းရင် ကောင်းသလို ဖန်းတီးလို့ ရနေပါတယ် လေ့လာကြည့်လိုက်ပါ..။
ဒီမှာယူပါ http://www.mediafire.com/ STG Photo editer
ဒီမှာလေ့လာပါ http://www.stgsys.com/picmerge.asp

Photoshop ၀ါသနာရှင်များအတွက် အလွယ်ဆုံး ဓာတ်ပုံပြင်နည်း
ဒီဆော့ဝဲလေးကလည်း ၀ါသနာတူသူငယ်ချင်းများအတွက် အသုံးဝင်တဲ့ ဆော့ဝဲပါ
ဒီဇိုင်း ၊ကာလာ၊ အဖြူအမဲ၊ ခဲချစ်ပန်းချီ ၊ နှစ်ကိုယ်ခွဲသုံးကိုခွဲ၊ရုပ်ပြောင်၊ ပန်းဘောင်
အလှဆင် အစုံသုံးရတယ် စက်လည်းမလေးတဲ့ ပေါ့ပေါ့ပါးပါးလေးပါ ။အသုံးပြုပုံက
လွယ်ကူနေသောကြောင့် ယူဖြစ်အောင်သာ ဆောင်ထားကြပါလို့ .......................။
ဒီမှာယူလိုက်ပါ http://www.mediafire.com/? Eflim Design Effect softwere

Photoshop ၀ါသနာရှင်များအတွက် ဓာတ်ပုံကို ကာတွန်းပုံပြောင်းနည်း
ဒီဆော့ဝဲကလည်း ပုံတစ်ပုံကို ကားတွန်းစတိုင်ဖြစ်ဖို့  အလွယ်ပြောင်းတဲ့ ဆော့ဝဲပါ
အသုံးပြုနည်းTutorial လေးပါတယ် ကြည့်ပြီးပုံစံတူလုပ်ပေးရုံပဲ လိုအပ်သူများတွက်
ပြန်လည်မျှဝေလိုက်ပါတယ်................................................................................။
ဒီမှာယူလိုက်ပါ
http://www.mediafire.com/? Photo to Cartoon

Photoshop ၀ါသနာရှင်များနှင့် ကာတွန်းရုပ်ပြောင်ဆွဲချင်သူများအတွက်
ဒီဆော့ဝဲလေးကတော့ ကားတွန်းရုပ်ပြောင်တွေနဲ့  ပုံဆွဲချင်တဲ့သူတွေအတွက် အဆင်
ပြေတဲ့ ဆော့ဝဲကောင်းပါ ။ သုံးရတာလည်း လွယ်ကူသလို အင်တာနက်ချိတ်ပြီးရင်လဲ
ဆွဲနည်း ဗီဒီယိုဖိုင်တွေပါ ထည့်ပေးထားလို့  အလွယ်တကူလိုက်ဆွဲနိုင်ပါတယ် လိုအပ်
သောသူများ အောက်ကလင့်မှာယူနိုင်ပါကြောင်း..................................................။
ဒီလင့်မှာ Download ယူပါ - http://www.mediafire.com/?Real World Paint
ဒီမှာဆွဲနည်းဗီဒီယို http://www.youtube.com/watch?v=qPB1mfURS6k

ဓါတ်ပုံပြင်ချင်သူများအတွက်
ဒါလေးကတော့ ဓာတ်ပုံပြင်တာ ၀ါသနာပါသူတွေအတွက် ပုံဆန်းဆန်းလေးတွေ
လုပ်ဖို့ ဆိုဒ်ကောင်းလေးတစ်ခုပါ ဒီဇိုင်းတွေ အများကြီးပါတယ်မျက်နှာအစားထိုးဖို့ 
နည်းလမ်းတွေလည်းပါတယ် အဲ့ဒီနေရာလေးကိုသွားချင်တယ်ဆိုရင်တော့ အောက်မှာပေးထားတဲ့ ကလစ်ပေးပါဆိုတဲ့နေရာလေးကိုသွားရောက်ကလစ်ပေးနိုင်ပါတယ်။
ကလစ်ပေးပါ

ပုံလေးတွေကိုအလွယ်ပြင်ရတဲ့ Tool လေးနော်ကြည့်လိုက်ဦး
Photoshop ပုံလှလှလေးလုပ်တတ်ချင်ရင်လိုက်လုပ်ကြည့်နော
အောင်လုပ်လို့ ရသလိုပိန်တဲ့သူတွေလည်းကြည့်ကောင်းအောင်ပြင်ဆင်လို့ ရပါတယ်ဥာဏ်၇ှိသလိုသုံးနော်......။
(၁)Photoshop ကိုဖွင့် File ကိုနှိပ် Open ကနေပုံတစ်ပုံယူလိုက်
(၂) Filter ကိုနှိပ် Liquify ကိုရွေးပြီးဘေးမှ၇ှိတဲ့ Tool တွေကိုသုံးပါ
Layer Mask Blending
Layer mask blending (ဒါမှမဟုတ်) Layer mask fusion ဆိုတာ Photoshop
နဲ့ Design ဖန်တီးသူတွေ မသိမဖြစ်တဲ့အရာတစ်ခုထဲမှာ အပါအ၀င်ဖြစ်ပါတယ်။
ဒီနည်းကို Web site banner ဆွဲတဲ့နေရာတွေမှာ အသုံးပြုကြတာများပါတယ်။ File
တစ်ခုတည်းမှာ လိုအပ်တဲ့ message ကိုပေးနိုင်တဲ့အထိ ပုံပေါင်းများစွာကို
ညင်သာစွာ ကူးပြောင်း blend လုပ်သွားနိုင်သောကြောင့်ဖြစ်ပါတယ်။
၃) ပြီးရင် Linear Gradient Fill ဖြင့် ထို Layer 2 ရှိ ပုံ၏အစပိုင်းနေရာလောက်မှစ၍ ဘယ်ဘက်မှ ညာဘက်သို့ဆွဲပါ။ (Gradient အရောင်ကတော့ အဖြူနဲ့ အနက်ပဲဖြစ်ပါတယ်၊ Layer Mask များအကြောင်း သင်ခန်းစာမှာအသေးစိတ် ဖော်ပြထားပါတယ်)
ဒါဆိုရင် Layer 1 နဲ့ 2 ကြားမှာ သိမ်သိမ်မွေ့မွေ့လေး ကူးသွားတာကို ပုံအတိုင်း တွေ့ရမှာဖြစ်ပါတယ်
Layer တွေရဲ့ overlap ဖြစ်တဲ့အနေအထားကို လိုက်ပြီး အနည်းငယ် ချိန်ဆရမှာဖြစ်ပါတယ်။ ဒီနေရာမှာ သတိထားရဖို့က Gradient Fill လုပ်တဲ့အခါမှာ သက်ဆိုင်ရာ Layer ရဲ့ Layer Mask ကို Select လုပ်ထားဖို့ပဲဖြစ်ပါတယ်။
ဒီအတိုင်း ကျန်တဲ့ Layer 3 နဲ့ 4 ကို Layer Mask နဲ့ blend လုပ်သွားမယ်ဆိုရင်တော့ အောက်က ပုံအတိုင်း တွေ့ရမှာပါ။
Layer Mask အသုံးပြုသွားတာကိုတော့ Layer palette မှာ အောက်ပါအတိုင်းတွေ့ရပါမယ်။
အောက်မှာနမူနာပြထားတဲ့ ပုံနဲ့ website banner တစ်ခုက ဒီ Layer Mask Blending နည်းကို အသုံးပြုထားတာပါ။ အဲဒီလိုဖန်တီးတဲ့နေရာမှာ Gradient Fill ကို Linear အပြင် တခြား Radial, Angle Gradient စတာတွေနဲ့လည်း ပေါင်းစပ်ဖန်တီးလို့ရပါတယ်။
၁) ထို့အတွက် လိုအပ်သော ပုံကိုဖွင့်ပါတယ်။ အခုနမူနာပုံမှာ Blend လုပ်မယ့် Image လေးခုပါပြီး တစ်ခုနဲ့တစ်ခု Overlap ဖြစ်နေပါတယ်။
၂) အောက်ဆုံး Layer ရဲ့အပေါ်မှာရှိတဲ့ Layer 2 ကို Layer Mask တစ်ခု ပေါင်းပါမယ်။၃) ပြီးရင် Linear Gradient Fill ဖြင့် ထို Layer 2 ရှိ ပုံ၏အစပိုင်းနေရာလောက်မှစ၍ ဘယ်ဘက်မှ ညာဘက်သို့ဆွဲပါ။ (Gradient အရောင်ကတော့ အဖြူနဲ့ အနက်ပဲဖြစ်ပါတယ်၊ Layer Mask များအကြောင်း သင်ခန်းစာမှာအသေးစိတ် ဖော်ပြထားပါတယ်)
ဒါဆိုရင် Layer 1 နဲ့ 2 ကြားမှာ သိမ်သိမ်မွေ့မွေ့လေး ကူးသွားတာကို ပုံအတိုင်း တွေ့ရမှာဖြစ်ပါတယ်
Layer တွေရဲ့ overlap ဖြစ်တဲ့အနေအထားကို လိုက်ပြီး အနည်းငယ် ချိန်ဆရမှာဖြစ်ပါတယ်။ ဒီနေရာမှာ သတိထားရဖို့က Gradient Fill လုပ်တဲ့အခါမှာ သက်ဆိုင်ရာ Layer ရဲ့ Layer Mask ကို Select လုပ်ထားဖို့ပဲဖြစ်ပါတယ်။
ဒီအတိုင်း ကျန်တဲ့ Layer 3 နဲ့ 4 ကို Layer Mask နဲ့ blend လုပ်သွားမယ်ဆိုရင်တော့ အောက်က ပုံအတိုင်း တွေ့ရမှာပါ။
Layer Mask အသုံးပြုသွားတာကိုတော့ Layer palette မှာ အောက်ပါအတိုင်းတွေ့ရပါမယ်။
အောက်မှာနမူနာပြထားတဲ့ ပုံနဲ့ website banner တစ်ခုက ဒီ Layer Mask Blending နည်းကို အသုံးပြုထားတာပါ။ အဲဒီလိုဖန်တီးတဲ့နေရာမှာ Gradient Fill ကို Linear အပြင် တခြား Radial, Angle Gradient စတာတွေနဲ့လည်း ပေါင်းစပ်ဖန်တီးလို့ရပါတယ်။
Thursday, May 24, 2012
Anti-aliasing
ပုံရိပ်များရဲ့ဖွဲ့စည်းပုံ
သဘာဝသင်ခန်းစာမှာ Raster Graphics တွေဟာ Pixel တွေကိုအခြေခံတယ်လို့
ပြောခဲ့ပါတယ်။ အဲဒီ Pixel တွေကိုလဲ လေးထောင့်ပုံရှိတယ်လို့လဲ
ယူဆလိုက်ပါဦး။ ဒါဆိုရင် Vertical Line တစ်ခုရဖို့ဆိုရင်
လေးထောင့်ပုံရှိတဲ့ Pixel လေးတွေကို တစ်ခုပေါ် တစ်ခု ဆင့်သွားရမှာပေါ့။
ပုံမှာကြည့်ပါ။ Horizontal Line ဆိုရင်လဲဒီအတိုင်းပါပဲ
လေးထောင့်ပုံရှိတဲ့ Pixel လေးတွေကို ဘေးတိုက်ဆက်သွား ရမှာပေါ့။
အဲဒီအထိကတော့အဆင်ပြေတုန်းပါပဲ၊ ဒါပေမယ့် မျဉ်းစောင်း 45 degree Line ဆိုရင် ဒီလိုပုံဖြစ်သွားမှာပေါ့။
ကိုယ်တိုင်ဆွဲကြည့်လိုက်ပါ။ အခုအောက်မှ နမူနာပုံလေးလည်းပေးထားပါတယ်။အဲ့ဒီအတိုင်းမြင်ရပါလိမ့်မယ်။
အတွန့်အတွန့်လေးတွေဟာ Line ဘေးတစ်လျှောက်မြင်နေရမှာပါ။ ဒါကို Aliasing လို့ခေါ်ပါတယ်။ အဲဒီ Aliasing ကိုပြေလည်ဖို့ဘယ်လိုလုပ်ကြ သလဲဆိုတော့ အဲဒီမျဉ်းရဲ့ဘေးတစ်ဖက်တစ်ချက်ကထောင့်ကွက်ဖြစ်နေတဲ့နေရာတွေကို Pixel သို့ အရောင်ပါးပါးလေးတွေ လိုက်ဖြည့်လိုက် ပါတယ်။ ဒါဆိုရင်ပုံကအခုလိုဖြစ်သွားပါတယ်။
Aliasing ကိုပြေလည်စေလို့ Anti-aliasing လို့ခေါ်တာပါ။ Photoshop ရဲ့ Tools ထဲမှာတင် Rectangular Marquee tool နဲ့ Elliptical Marquee tool ကိုပဲကြည့်ပါ Group တစ်ခုထဲမှာရှိပေမယ့် Rectangular Selection လုပ်ဖို့အတွက်က Anti-aliased ဖြစ်ဖို့မလိုဘူးလေ၊ ဒါကြောင့် Rectangular Marquee ကိုရွေးထားချိန်မှာ Tool Option box ကိုကြည့်ရင် Anti-aliased ဆိုတဲ့ Option လေးဟာ Disable ဖြစ်နေပါလိမ့်မယ်။
ဒါပေမယ့် Elliptical Selection ဆိုရင်တော့ Anti-aliased ဆိုတဲ့ Option ဟာ Enable ဖြစ်လာပါတယ်။

အလျားလိုက် သို့မဟုတ် ထောင်လိုက် Selection
ကလွဲရင်ကျန်တာတွေဟာ Anti-aliased ဖြစ်မှပုံဟာ Smooth ဖြစ်နေမှာပါ။
Magic wand နဲ့ Lasso Tools တွေမှာလဲ Anti-aliased Option ဟာ Enabled
ဖြစ်နေမှာပါ။ မိမိလိုချင်ရင် Check လုပ်ခဲ့ပြီး မလိုအပ်ရင် Uncheck
လုပ်ခဲ့ရုံပါပဲ။ Polygon Lasso Tool နဲ့ 45 degree မျဉ်းစောင်း
Selection တစ်ခုကို Anti-aliased Option ကို Check လုပ်ပြီးဆွဲထားတာနဲ့
Uncheck နဲ့ဆွဲတာကိုFill လုပ်ပြီးယှဉ်ကြည့်ပါဦး။
ပိုပြီးသဘောပေါက်လာမှာပါ။
Ant-aliasing ကို Photoshop မှာတင်မြင်ရတာမဟုတ်ပါဘူး
အခြား Graphics Software တွေမှာလဲမြင်တွေ့ရမှာပါ။ ဥပမာ Illustrator
နဲ့ဆွဲထားတဲ့ ပုံတစ်ခုကို Raster format တစ်ခုခုကို Export
လုပ်တယ်ဆိုပါစို့ Export Option မှာလဲ Anti-aliasing
ယူမလားလို့လာမေးမှာပါ။ အထူးသဖြင့် Vector graphics ကနေ Raster image
ပြောင်းတဲ့အခါမျိုးမှာ ဒီ Option လေးဖွင့်ခဲ့ဖို့မမေ့ပါနဲ့။
Layer Mask များအကြောင်း
Layer Mask ဟာ Photoshop မှာအလွန်အရေးပါပြီး
အသုံးဝင်မှုအလဲအများကြီးပါပဲ။ အသုံးများရတဲ့ အဓိကအကြောင်းအရင်းက သူဟာ
Layer တစ်ခုကို Non Destructive Editing
အဖြစ်ရအောင်ဖန်တီးပေးနိုင်လို့ပါ။ ဥပမာ ကျွန်တော်တို့ Layer တစ်ခုကို
Selection ပေးပြီး Delete လုပ်လိုက်ရင် အဲဒီ Layer ရဲ့ Pixel area
တွေဟာ တကယ် ပျက်ဆီးသွားပါတယ်။ တကယ်လို့များ သင်ဟာအဲဒီ့ Layer တွေရဲ့
အစိတ် အပိုင်းတွေကို ပြင်ချင်သလိုပြင် ဖျက်ချင်သလိုဖျက်ပြီး
နဂိုအတိုင်းပြန်ဖြစ်ချင်ရင် ဘယ်လိုလုပ်မလဲ။ အဖြေကတော့ Layer Mask တွေကို
အသုံး ပြုခြင်းဖြင့်ဖြေရှင်းနိုင်ပါတယ်။ Layer Mask တွေဟာ Layer
တွေကိုနဂို Pixel တွေပျက်ဆီးမသွားပဲနဲ့အမြင်မှာ ပြောင်းချင်သလိုပြောင်း
ပြင်ချင် သလိုပြင်ခွင့်ပေးပါတယ်။ Layer
တွေကိုမျက်နှာဖုံးလေးတွေအုပ်ပြီးအပေါ်ကနေ Edit
လုပ်တယ်လို့ယူဆနိုင်ပါတယ်။ Layer တစ်ခုအပေါ်ကို Layer Mask
တစ်ခုအုပ်လိုက်ပြီဆိုပါစို့။ အဲဒီ Layer Mask ရဲ့အရောင်အတိုင်း Layer
ရဲ့ result ထွက်လာပါတယ်။ Layer Mask ဟာ gray scale ပါ။
အနက်ကနေအဖြူကိုသွားတဲ့ Tone အတိုင်းပဲအရောင်တွေရှိမှာပါ။ အဖြူရောင်ဟာ
Pixel တွေကိုမြင်ရစေပြီး အနက်ရောင်ဟာ Pixel တွေကိုပျောက်သွားစေပါတယ်။
အောက်ကပုံလေးကိုကြည့်ပါ။ ဘယ်ဘက်အခြမ်းဟာ Layer Mask နှင့် Layer ကိုပြထားပြီး ညာဘက်ကတော့ သူတို့နှစ်ခုပေါင်းလို့ရလာတဲ့ Result ပါ။
အဖြူရောင်ဟာ Pixel တွေကို show လုပ်ပေးပြီး အနက်ရောင်ဟာ Pixel တွေကို hide လုပ်ပေးတာကိုအမြဲသတိရပါ။ ဒါဆိုရင်မီးခိုးရောင်ဟာ semi transparent ဖြစ်လာမှာပေါ့။ တ၀က်မြင်ရပြီး ကျန်တ၀က်ကတော့ အောက်မှာရှိတဲ့ Layer ရဲ့ area ပေါ့။ အခုဒီပုံမှာ ဆိုရင်နောက်ခံကအဖြူရောင်ပဲရှိတယ်လို့မှတ်ယူပါ၊
၁) Layer Mask တစ်ခုဖန်တီးပုံ (all visible)
လွယ်ကူပါတယ် Layer Palette အောက်ခြေက New Mask icon ကိုနှိပ်လိုက်ရင်ရပါပြီ။ ဒါမှမဟုတ်ရင် Layer>Add Layer Mask>Revel All ကိုclick လို့ရပါတယ်။ Layer ရဲ့ဘေးမှာ Layer Mask ဆိုပြီးပေါ်လာပါတယ်။ ပုံမှာကြည့်ပါ။ Reveal All (Show All) ဆိုတဲ့အတွက် Layer Mask တစ်ခုလုံးကိုအဖြူရောင်အုပ်သွားတာပါ။ ပုံမှာဆိုရင် အနက်ရောင် Layer ရဲ့ဘေးမှအဖြူရောင်လေးဟာ Layer Mask ပါ။
သာမန်အားဖြင့်တော့ Layer နဲ့ Layer Mask တို့ဟာ Link ချိတ်ပြီးသားပါ။ ဒါမှ Layer ကိုဖြစ်စေ Layer Mask ကိုဖြစ်စေ move လုပ်တာနဲ့ နှစ်ခုစလုံး ရွေလာရမှာပါ။ သူတို့နှစ်ခုကြားက chain icon လေးက link ဖြစ်နေတာကို ကိုယ်စားပြုတာပါ။ အဲဒီနေရာလေးကို mouse နဲ့ click လုပ်လိုက်တာနဲ့ unlink ဖြစ်သွားပြီး။ နောက်တစ်ခါ ထပ် click လုပ်တာနဲ့ link ပြန်ဖြစ်လာမှာပါ။
၅) Layer Mask အား Disable/ Enable ပြုလုပ်ပုံ
Layer Mask ပေါ်မှာ Shift key နဲ့တွဲပြီး click လုပ်ပေးခြင်းဖြစ် Disable / Enable ဖြစ်စေပါတယ်။ Disable ဆိုရင် Layer Mask ဟာအလုပ် မလုပ်တော့ပဲ သူ့အောက်က Layer ရဲ့ နဂို pixel အတိုင်းမြင်ရမှာပါ။ Layer Mask Disable ဖြစ်နေချိန်မှာ အနီရောင်ကြက်ခြေခတ်လေးနဲ့ ပြပါတယ်။
6) Layer Mask အား Delete လုပ်ခြင်း
Layer>Remove Layer Mask>...(Apply လား Discard) လားရွေးပေးပါ။ Layer မှာဖြစ်နေသောအနေအထားအတိုင်း လိုချင်ရင် Apply ကိုရွေးပြီး Layer ရဲ့ နဂိုအတိုင်းလိုချင်ပါက Discard ရွေးရန်သာဖြစ်ပါတယ်။ နောက်တစ်နည်းကတော့ Layer Mask ကို Layer Palette အောက်ခြေက Trash icon ပေါ်သို့ Drag ဆွဲသွားခြင်းပဲဖြစ်ပါတယ်။

လက်တွေ့အသုံးပြုပုံများကတော့အောက်ပါအတိုင်းပါပဲ
၁) Layer Mask တစ်ခုဖန်တီးပုံ (all visible)
လွယ်ကူပါတယ် Layer Palette အောက်ခြေက New Mask icon ကိုနှိပ်လိုက်ရင်ရပါပြီ။ ဒါမှမဟုတ်ရင် Layer>Add Layer Mask>Revel All ကိုclick လို့ရပါတယ်။ Layer ရဲ့ဘေးမှာ Layer Mask ဆိုပြီးပေါ်လာပါတယ်။ ပုံမှာကြည့်ပါ။ Reveal All (Show All) ဆိုတဲ့အတွက် Layer Mask တစ်ခုလုံးကိုအဖြူရောင်အုပ်သွားတာပါ။ ပုံမှာဆိုရင် အနက်ရောင် Layer ရဲ့ဘေးမှအဖြူရောင်လေးဟာ Layer Mask ပါ။
၂) Layer Mask တစ်ခုဖန်တီးပုံ (all hidden)
Layer Palette မှာ New Mask icon ကို Alt key နဲ့တွဲနှိပ်ပါ။ ဒါမှမဟုတ် Layer>Add Layer Mask>Hide All ဆိုလည်းရပါတယ်။ ဒါဆိုရင် Layer တစ်ခုလုံးကို Layer Mask က အနက်ရောင်အုပ်လိုက်တော့ Layer တစ်ခုလုံးပျောက်သွားမှာပါ။

၃) Layer Mask တစ်ခုကို Active ပေးပုံ
အခုဖန်တီးထားတဲ့ Layer Mask ဟာ Layer နဲ့ဘေးချင်းယှဉ်ပြီး Layer Palette မှာတွေရမှာပါ။ ဒါကြောင့် Active ဖြစ်နေတာ Layer လား Layer Mask လားဆိုတာအရေးကြီးပါတယ်။ Layer Mask Active ဖြစ်နေချိန်မှာ Layer ရဲ့ရှေ့က icon က လေးထောင့်မှာ အ၀ိုင်းဖောက်ထား တဲ့ပုံလေးဖြစ်နေပါတယ်။ Active က Layer ဆိုရင်တော့ brush icon ကို layer ရဲ့ရှေ့မှာတွေ့ရမှာပါ။ Active ပေးချင်ရင်တော့ Layer ဖြစ်စေ Layer Mask ဖြစ်စေ သူတို့ရဲ့ Thumbnail ပေါ်မှာ mouse နဲ့ click လုပ်လိုက်ရုံပါပဲ။
၎) Layer နှင့် Layer Mask အား Link/unlink ပြုလုပ်ခြင်းအခုဖန်တီးထားတဲ့ Layer Mask ဟာ Layer နဲ့ဘေးချင်းယှဉ်ပြီး Layer Palette မှာတွေရမှာပါ။ ဒါကြောင့် Active ဖြစ်နေတာ Layer လား Layer Mask လားဆိုတာအရေးကြီးပါတယ်။ Layer Mask Active ဖြစ်နေချိန်မှာ Layer ရဲ့ရှေ့က icon က လေးထောင့်မှာ အ၀ိုင်းဖောက်ထား တဲ့ပုံလေးဖြစ်နေပါတယ်။ Active က Layer ဆိုရင်တော့ brush icon ကို layer ရဲ့ရှေ့မှာတွေ့ရမှာပါ။ Active ပေးချင်ရင်တော့ Layer ဖြစ်စေ Layer Mask ဖြစ်စေ သူတို့ရဲ့ Thumbnail ပေါ်မှာ mouse နဲ့ click လုပ်လိုက်ရုံပါပဲ။
သာမန်အားဖြင့်တော့ Layer နဲ့ Layer Mask တို့ဟာ Link ချိတ်ပြီးသားပါ။ ဒါမှ Layer ကိုဖြစ်စေ Layer Mask ကိုဖြစ်စေ move လုပ်တာနဲ့ နှစ်ခုစလုံး ရွေလာရမှာပါ။ သူတို့နှစ်ခုကြားက chain icon လေးက link ဖြစ်နေတာကို ကိုယ်စားပြုတာပါ။ အဲဒီနေရာလေးကို mouse နဲ့ click လုပ်လိုက်တာနဲ့ unlink ဖြစ်သွားပြီး။ နောက်တစ်ခါ ထပ် click လုပ်တာနဲ့ link ပြန်ဖြစ်လာမှာပါ။
၅) Layer Mask အား Disable/ Enable ပြုလုပ်ပုံ
Layer Mask ပေါ်မှာ Shift key နဲ့တွဲပြီး click လုပ်ပေးခြင်းဖြစ် Disable / Enable ဖြစ်စေပါတယ်။ Disable ဆိုရင် Layer Mask ဟာအလုပ် မလုပ်တော့ပဲ သူ့အောက်က Layer ရဲ့ နဂို pixel အတိုင်းမြင်ရမှာပါ။ Layer Mask Disable ဖြစ်နေချိန်မှာ အနီရောင်ကြက်ခြေခတ်လေးနဲ့ ပြပါတယ်။
6) Layer Mask အား Delete လုပ်ခြင်း
Layer>Remove Layer Mask>...(Apply လား Discard) လားရွေးပေးပါ။ Layer မှာဖြစ်နေသောအနေအထားအတိုင်း လိုချင်ရင် Apply ကိုရွေးပြီး Layer ရဲ့ နဂိုအတိုင်းလိုချင်ပါက Discard ရွေးရန်သာဖြစ်ပါတယ်။ နောက်တစ်နည်းကတော့ Layer Mask ကို Layer Palette အောက်ခြေက Trash icon ပေါ်သို့ Drag ဆွဲသွားခြင်းပဲဖြစ်ပါတယ်။
၇) Layer Mask အား Document window တွင် edit ပြုလုပ်လိုလျှင်
Layer Palette က Layer mask ပေါ်တွင် Alt key နှင့် click လုပ်လျှင်ရပါတယ်။ ပြန်ဖျောက်ထားချင်ရင်လဲ Alt key နဲ့ click ပါပဲ။ Layer Mask ကို Document window တွင်ခေါ်ယူပြီးလျှင် သင်ကြိုက်နှစ်သက်ရာ အဖြူမှအနက်သို့ (tone value) များသုံးပြီး Layer ရဲ့ area တွေကို ဖျောက်မလား ပေါ်စေမလား သင့်စိတ်ကူးအတိုင်းပါပဲ။ edit and paint လုပ်တာကတော့ Select and fill နည်းဖြင့်ဖြစ်စေ၊ Brush or Pencil tools များသုံးပြီးဖြစ်စေဆောင်ရွက်နိုင်ပါတယ်။

၈) Gradient နှင့် Layer Mask
အထက်မှာဖော်ပြခဲ့တဲ့အတိုင်း gray ဟာ semi transparent ကိုရစေလျှင် Layer တစ်ခုကို အပေါ်မှအောက်သို့အဖြေးဖြေး ပျောက်သွားတဲ့ပုံစုံလေးလိုချင်ရင်တော့ အဲ့ဒီ Layer ပေါ်မှာ Layer Mask တစ်ခုခေါ်ပြီး Layer Mask Active ဖြစ်နေချိန်မှာ Default Color (D ကိုနှိပ်ပါ) သုံးပြီး Gradient tool နဲ့ Fill လိုက်ရင်ရပြီပေါ့ (gradient tool ရဲ့ preset ကတော့ Foreground to Background ပါ)။ အဖြူရောင်မှာ Pixel area အကုန်ပေါ်ပြီး အနက်မှာပျောက်လို့ မီးခိုးရောင်မှာတော့ တ၀က်ပေါ်တ၀က်ပျောက် ဖြစ်နေမှပေါ့။ အောက်မှာပါတဲ့ပုံလေးတွေကို ကြည့်ပါဦး။

Photoshop's File Formats များအကြောင်း
Photoshop ဟာ file format များစွာကိုsupport ပေးထားပါတယ်။ အခုပြောမှာက အသုံးများတဲ့ format တချို့ပါ။
Photoshop (*.PSD)
ဒီအမျိုးအစားဟာ Photoshop ရဲ့ default format ပါ။ file ကိုပြုပြင်စရာတွေရှိသေးတယ် (ဥပမာ text တွေ layer အရွေ့အပြောင်းတွေ) ဆိုရင်ဒီ format နဲ့ save ထားဖို့လိုပါတယ်။ ဒါမှပြန် edit လုပ်ရတာလွယ်မှာပါ။
အရင် Photoshop 7.0 မှာ file size ဟာ 30,000 pixel by 30,000 pixel ထိရပါတယ်။ အခု Photoshop အသစ်ဖြစ်တဲ့ CS or CS2 မှာတော့ file size ဟာ 300,000 x 300,000 pixels ထိလုပ်ဆောင်နိုင်ပါပြီ။ file type ကတော့ (*.PSB) ပါ။

JPEG
Joint Photographic Experts Group ဆိုတဲ့အဖွဲ့တစ်ခုရဲ့ file compression algorithum ကိုခေါ်ထားတာပါ။ file format မဟုတ်ပါဘူး။ တကယ့် file format အမှန်က JFIF (JPEG File Interchange Format) ပါ။ ဒါပေမယ့် JPEG ဆိုတဲ့ နံမည်ပဲတွင် ကျယ်လာခဲ့ပါတယ်။ အရောင်စနစ်အနေနဲ့ RGB,CMYK,Grayscale တွေသုံးလို့ရပါတယ်။ ဒါပေမယ့် သူက transparency ကိုတော့ support မလုပ်ပါဘူး။ File တစ်ခုကို JPEG format နဲ့ပြောင်းချင်ရင် အဲဒီ file ကိုဖွင့်ပြီး Save As လုပ်ပေးလိုက်ရုံပါပဲ။ file type မှာတော့ JPG ပေးလိုက်ပေါ့။

JPEG Option dialog box မှာ file ကို ဘယ်လို quality
လိုချင်တယ်ဆိုတာလဲစိတ်ကြိုက်ပေးနိုင်ပါတယ်။ 0 က quality အနိမ့်ဆုံးနဲ့
file size အသေးဆုံးပါပဲ။ 12 ကတော့ quality အကောင်းဆုံးနဲ့ file size
အကြီးဆုံးပါပဲ။ File တစ်ခုကို size လျှော့ချင်တဲ့အခါမှာ
ဒီလိုလုပ်လို့ရပါတယ်။ ဒါပေမယ့် JPEG file တစ်ခုကို JPEG file အဖြစ်ထပ်
save as လုပ်တာဟာ quality ကိုထပ်ကျစေပါတယ်။
JPEG 2000 (*.JPF)
ဒါက JPEG ရဲ့နည်းပညာနောက်ဆက်တွဲတစ်ခုပါ။ သူ့ကို Acrobat Reader မှာလဲဖွင့်ကြည့်လို့ရလာပါတယ်။ Acrobat file တွေဟာ cross-platform format ပါ။ operation system အများစုနဲ့အဆင်ပြေပါတယ်။
CompuServer GIF
GIF (Graphics Interchange Format) ဟာ web page တွေအတွက်အသုံးများပါတယ်။ transparency support လုပ်ပါတယ် အရောင်ကတော့ RBG, Index mode တွေပါ ၂၅၆ ရောင်ထိလဲကန့်သတ်ထားပါသေးတယ်။ Animation ပုံလေးတွေလဲဖြစ်နိုင်ပါတယ်။ Animated GIF ကိုတော့ Image Ready နဲ့ပြုလုပ်ရတာပါ။
TIFF (*.TIF)
Tagged Image File Format (TIFF) ဟာဆိုရင် digital printing services အများစုကလက်ခံနိုင်တဲ့ format ပါ။ scanner နဲ့ digital camera များမှာလဲသုံးပါတယ်။ အရေင်အနေနဲ့တော့ CMYK, RGB,Lab, Indexed color, Grayscale, နဲ့ Bitmap တွေအသုံးပြုနိုင်ပါတယ်။
Photoshop EPS
Adobe ရဲ့နည်းပညာတစ်ခုဖြစ်တဲ့ Post script ကဆင်းသက်လာတာပါ။ Encapsulated Postscript (EPS) ပါ။ text , graphics တွေရောပြီးပါဝင်နိုင်ပါတယ်။

အရောင်များ
Photoshop
တွင်အရောင်များကိုစနစ်အမျိုးမျိုးဖြင့်အသုံးပြုနိုင်သည်။
အများဆုံးသုံးသောစနစ်များမှာ RGB (Red, Green, Blue) နှင့် CMYK (Cyan,
Magenta, Yellow, Black) တို့ဖြစ်ပါတယ်။ Tools Box ထဲက foreground
color နဲ့ background color တို့ကို click နှိပ်တာနဲ့ Color Picker
မှာအရောင်များကိုရွေးချယ်နိုင်ပါတယ်။ မျက်စိအမြင်နဲ့ဖြစ်စေ
တန်ဖိုးနဲ့ဖြစ်စေရွေးချယ်နိုင်ပါတယ်။
RGB စနစ်ကို monitor, photo printing services နှင့်အခြားသောလုပ်ငန်းများတွင်သုံးပြီး CMYK ကိုတော့ ပုံနှိပ် offset နှင့် vinyl printing ကဲ့သို့သောလုပ်ငန်များတွင်သုံးပါတယ်။ ပုံတစ်ခုတွင် RGB စနစ်မှ CMYK စနစ်သို့ဖြစ်စေ CMYK စနစ်မှ RGB စနစ်သို့ဖြစ်စေ ပြောင်းလဲခြင်းသည် အသုံးပြုထားသောအရောင်များကိုပြောင်းလဲသွားစေနိုင်ပါတယ်။ ထို့ကြောင်းမိမိအသုံးပြုလိုသော အကြောင်းအရာ ကိုမူတည်၍ အရောင်စနစ် ကိုဦးစွာရွေးချယ်သင့်ပါတယ်။
အရောင်များကိုတန်ဖိုးနဲ့ရွေးချယ်ရာမှာတော့ Decimal value (
0 မှ 255 ထိ ) နဲ့ဖြစ်စေ Hex value (00 မှ FFထိ ) နဲ့ဖြစ်စေရွေးယူ
နိုင်ပါတယ်။ ဥပမာ RGB စနစ်မှာအနီရောင်စစ်စစ်ကိုရယူလိုလျင် Decimal
value တွင် (255,0,0) သို့မဟုတ် Hex value တွင် (FF,00,00)
ဟုရိုက်ရပါမည်။
အရောင်စနစ်များတွင် မူလရောင် (ဥပမာ RGB စနစ်တွင်မူလရောင်သည် Red, Green
and Blue , CMYK စနစ်တွင်မူလရောင်သည် Cyan, Magenta, Yellow, Black)
များကိုပေါင်းစပ်ခြင်းဖြင့် တစ်ဆင့်ရောင်နှင့်
အခြားအရောင်များကိုရရှိပါသည်။သို့ဖြင့် RGBစနစ်တွင် အ၀ါ ရောင်ရလိုပါက
Red နှင့် Green တို့ကိုတန်ဖိုးအများဆုံး (255,255,0)
ပေးကာရောပေးရပါမည်။ အလားတူအခြားအရောင်များကိုလဲ ပေါင်းစပ်
ရယူနိုင်ပါသည်။ အကယ်၍သင်ရွေးလိုက်သောအရောင်ဟာ print ထုပ်လို့မရနိုင်ရင်
out of gamut for printing sign လေးပေါ်လာ ပါလိမ့်မယ် ဒါမှမဟုတ် web
page တွေမှာမပြနိုင်ဘူးဆိုရင် not a web safe color sign
လေးပေါ်လာပါလိမ့်မယ်။ အဲ့ဒီ sign လေးကို mouse နဲ့ click
နှိပ်ပေးလိုက်တာနဲ့ နီးစပ်တဲ့တခြားအရောင်တစ်ခု ကို photoshop
ကရွေးချယ်ပေးပါလိမ့်မယ်။RGB စနစ်ကို monitor, photo printing services နှင့်အခြားသောလုပ်ငန်းများတွင်သုံးပြီး CMYK ကိုတော့ ပုံနှိပ် offset နှင့် vinyl printing ကဲ့သို့သောလုပ်ငန်များတွင်သုံးပါတယ်။ ပုံတစ်ခုတွင် RGB စနစ်မှ CMYK စနစ်သို့ဖြစ်စေ CMYK စနစ်မှ RGB စနစ်သို့ဖြစ်စေ ပြောင်းလဲခြင်းသည် အသုံးပြုထားသောအရောင်များကိုပြောင်းလဲသွားစေနိုင်ပါတယ်။ ထို့ကြောင်းမိမိအသုံးပြုလိုသော အကြောင်းအရာ ကိုမူတည်၍ အရောင်စနစ် ကိုဦးစွာရွေးချယ်သင့်ပါတယ်။
PC Monitor ကို RGB color ဟုယူဆပြီး
ပုံနှိပ်မည့်စက္ကူဖြူကို CYMK ဟုယူဆလျင်မှတ်ရလွယ်ကူပါလိမ့်မည်။ သဘော
သဘာဝခြင်းလည်း ဆင်တူပါသည်။
အဖြူရောင်ကိုရရှိရန် RGB တွင် (255,255,255)
အရောင်သုံးခုစလုံးကိုအများဆုံးတန်ဖိုးပေးရပါတယ်၊ ဒါကြောင့် RGB color
များကို Additive color လို့ခေါ်ပါတယ်။ CMYK
မှာတော့ပုံနှိပ်လုပ်ငန်းနဲ့ဆိုပို ရှင်းပါတယ် စက္ကူအဖြူပေါမှာ
အဖြူရောင်ရဖို့ဘာဆေးမှမလိုပါဘူး။ ဒါကြောင့် (0,0,0,0) ထိချပေးရမှာပါ။
အဲဒါအတွက်ကြောင့် CMYK color များကို Subtractive color လို့ခေါ်ပါတယ်။
ပုံရိပ်များရဲ့ဖွဲ့စည်းပုံသဘာဝ
Graphics ပုံရိပ်များကိုအဓိကအပိုင်းနှစ်ပိုင်းအနေနဲ့ခွဲခြားနိုင်ပါတယ်။
၁) Vector Graphics မှာ ပုံတွေကို Line , Arc
တွေနဲ့အရင်ဆုံးဘောင်လိုင်းလေးတွေကိုစဆွဲပါတယ်။
ဒီလိုဘောင်လိုင်းလေးတွေကို Stroke လို့ခေါ်ပါတယ်။
ပြီးရင်အတွင်းပိုင်းကို အရောင်ခြယ်တဲ့အခါ Fill Algorithm
တစ်ခုခုသုံးပါတယ်။ ဒီ process ကိုလည်း Fill လို့ခေါ်ပါတယ်။ ဥပမာအနီရောင်
rectangle တစ်ခုကို ဘောင်အနက်ရောင်သုံးရင် ဒီလိုမြင်ရမှာပါ။ ပုံကို
ကြည့်ပါ။ Vector Graphics တွေကတော့ ဥပမာ AutoCAD file တွေ Illustrator,
Coreal Draw file တွေပါပဲ။ သူတို့တွေရဲ့ အားသာချက်က zoom
အကျယ်ကြီးချဲ့လဲ ပုံဟာကြည်လင်ပြတ်သား နေမှာပါ။
၂) Raster Graphics ကတော့ Pixel (Picture Element)
လို့ခေါ်တဲ့ အမှုန်လေးတွေနဲ့ဖွဲ့စည်းထားတာပါ။
အဲဒီတော့ပုံတစ်ပုံမှာပါဝင်တဲ့ pixel အရေအတွက်များလေ quality ကောင်းလေ
zoom အကျယ်ကြီးချဲ့ကြည့်နိုင်လေပါပဲ။ အဲဒီ pixel
တွေဟာတစ်လက်မအတွင်းမှာဘယ်လောက် အရေအတွက်ပါလဲဆိုတာကိုတော့ Resolution
လို့ခေါ်ပါတယ်။ ဥပမာ ပုံတစ်ပုံရဲ့တစ်လက်မအတွင်းမှာရှိတဲ့ pixel တွေဟာ
၁၀၀ ရှိတယ်ဆိုရင် Resolution 100 dpi / ppi (dot per inch) or (pixel
per inch ) ရှိတယ်လို့ခေါ်နိုင်ပါတယ်။ JPEG ,GIF , BMP စသည်ဖြင့် file
name တွေနဲ့ရှိ တာတွေအားလုံးဟာ Raster အမျိုးအစားတွေပါပဲ။
Photoshop softwareဟာအဓိကအားဖြင့် raster editing
softwareအမျိုးအစားပါ၊ပုံရိပ်တွေကို pixel
များအသွင်ဖြင့်အလုပ်လုပ်ပေးတာပါ။ ဒါကြောင့် file new
ခေါ်ပြီးအသစ်စလုပ်တဲ့အခါမှာ resolution ဘယ်လောက်လဲ
ဘယ်နှစ်လက်မယူမှာလဲဟာအရေးကြီးပါတယ်။ တကယ်လို့ ၆ လက်မ ၄ လက်မ file
တစ်ခုကို resolution 100 နဲ့အလုပ်လုပ်မယ်ဆိုရင် pixel အရေအတွက်ဟာ
အလျားလိုက် ၆၀၀ နဲ့ဒေါင်လိုက် ၄၀၀ ရှိမှာပေါ့။
ITEC Computer & Language Training Center
ITEC Computer & Language Training Center ကတော့ အမှတ် (19/က) ရှင်ပင်ဘုန်းပွင့်လမ်း၊ မြောင်းမြကျောင်းပရိယတ္တိစာသင်တိုက်အနီး၊ ပုသိမ်မြို့မှာ တည်ရှိပါတယ်။
ယခု blog လေးကိုတော့ Graphic Design ဘာသာရပ်ကိုလေ့လာလိုသူများအတွက် တည်ဆောက်လိုက်ခြင်းပဲဖြစ်ပါတယ်။ Graphic Design ဆိုတာကတော့ ကွန်ပျူတာနည်းပညာနဲ့ အနုပညာ ကိုပေါင်းစပ်ဖန်တီးမှုပညာရပ်ပဲဖြစ်ပါတယ်။ ဒီဘလော့လေးကိုရေးသားခြင်းကြောင့် မိမိတို့ရဲ့အနုပညာစွမ်းရည်များကို ထုတ်ဖော်နိုင်ကြပါစေလို့ဆုတောင်းနေမိပါတယ်။

Subscribe to:
Comments (Atom)