ကမ္ဘာ့ရွာ
ကြီးရဲ့ အကြောင်းကို သေသေချာချာ မသိပေမဲ့ ကမ္ဘာရွာ ဆိုတဲ့ စကားလုံးလေးကို
ကြားတော့ ကိုယ့်အတွက် အစိမ်း သက်သက် ဖြစ်မနေပဲ နားဝင်ချို သလို
ခံစားမိလေရဲ့။ ဘာလို.လဲဆို တော့ ကျွန်မတို.က ရွာမှာနေ ၊ ရွာမှာ
ကြီးပျင်းရတဲ့ သူကိုး ။ ကမ္ဘာကြီးဟာ တို.ရွာလိုပဲ ရွာကြီး တရွာ ဖြစ်လို.
သွားပြီ လို.ပြောသံ ကြားရပြန်တော့လည်း ဘာမသိ ညာမသိနဲ့ သဘောကျမိ ပြန်ပါတယ်။
ကမ္ဘာ့ရွာ
ကြီးကို Global Village လို. ကင်ပွန်းတပ် လိုက် တဲ့ အချိန်ကစပြီး
Globalization တို. Global Economic, Global Banking, Global Market,
Global Finance, စတဲ့ ဝေါဟာရတွေဟာ ကမ္ဘာ့ရွာကြီး ထဲမှာ ရေပန်းစား
လာလိုက်တာများ၊ သိတာ မသိတာ အပထား။ ဒီစကား လုံးတွေ ကို သူများ ရွတ်လို့မှ
ကိုယ်လိုက် မရွတ် တတ်ရင် ခေတ်နောက်ကျပြီး မျက်နှာငယ်ရတဲ့ အဖြစ်။
ဒီရွာကြီး
ထဲမှာ ဈေးဝယ် ရင်တောင် ထိုင်ရာ မထ မိမိအိမ်က ကွန်ပြူတာ ရှေ.ကနေ ခလုပ်လေး
နှိပ်ပြီး အီလက် ထရောနစ် စနစ် နဲ့ အွန်လိုင်း ကနေ ဈေးရောင်း၊ ဈေးဝယ်
လုပ်ကြ ပြန်လေတော့ E- Banking , E- Commerce ၊ E- Trade စတဲ့ အီး ဆိုတဲ့
အသံတွေ ရွာကြီး တရွာလုံး ဆူညံလို.သွား ပြန်ပါရော။ ဒီ E- အီးတွေ တွင်တွင်
ကျယ်ကျယ် သုံးလာကြ ပြန်တော့ အိုင်တွေ မရှိမဖြစ် လိုအပ် လာပြန်ပြီတဲ့ ။ IT
တွေ Internet တွေ ၊ Iphone စတဲ့ အိုင်တွေကြားမှာ ရွာသူ ၊ ရွာသားတွေ
အားလုံးလိုလို လည်း (Net) ဆိုတဲ့ ပိုက်ကွန်ထဲမှာ ငြိမိပြီး ပိတ်မိနေကြတာ
World Wide Web ဖြစ်သွားကတည်း ကလို. ဆိုမလား။ ဒီ ဂလိုဘယ်(လ်) ထဲမှာ
တို.ရွာ ပါမပါတော့ မပြောတတ် ပေမဲ့ ၊ Global Warming ရဲ့ခြိမ်းခြောက်မှု.
ထဲမှာတော့ တို.ရွာ ပါနေ တာတော့ သိပ်သဘော မတွေ. လှဘူးပေါ့။
ဒီ
အသံတွေ ကြားထဲမှာ နောက်ဆက်တွဲ အကျယ်လောင် ဆုံး မြည်ဟည်း နေတဲ့ အသံကတော့
ယနေ.ခေတ်ကို “ ပညာခေတ် (knowledge Age) လို. ခေါ်ဆိုလိုက်ပြန်တော့
ဆော်ဖီတွေ လော်ဂျီ တွေရဲ့ ကြားမှာ တို. ရွာက လူတွေလည်း ဘွဲ.တွေ ၊ ဒီဂရီတွေ
များ သထက်များ၊ အောင်လက်မှတ်တွေ မျိုးစုံ ရအောင် သင်ကြားရင်းနဲ့
ပညာခေတ်ကို အမှီလိုက် ကြပါတော့တယ်။ ဘွဲ.ရမှ ပညာတတ် တယ်လို. အများက
သုံးနူန်းပြောဆို ကြပေမဲ့ တကယ်တော့ ပညာဆိုတာ အသိပညာ၊ အတတ်ပညာ၊ အတွေးခေါ်၊
ဗဟုသုတ အပြင် အကြောင်းရင်းကို အသေးစိတ် နားလည် သိရှိ ခြင်း ကို ပညာလို့
ဆိုပါတယ်။
ဘွဲ့ရ ခါစ လူတယောက်ဟာ လမ်းဆုံလမ်းခွ မှာရောက်ပြီး
ရပ်နေတဲ့ လူတယောက်လို ပါပဲ။ ဘ၀ခရီး လျေက်လှမ်းဖို.ရာ အတွက် အရှေ.လမ်း
သွားရမှာလား၊ အနောက်လမ်း သွားရမလား၊ တောင်လမ်း သွားရမလား၊ မြောက်လမ်း
သွားရမလား။ ဘယ်လမ်း သွားရမှန်းကို မသိပါဘူး ၊ မျော်ကြည့် လိုက်
ပြန်ရင်လည်း လမ်းကြီးတွေ ကလည်း အရှည်ကြီးတွေ ဆိုတော့ ဘယ်လမ်းကို
ရွေးချယ်ပြီး သွားရမယ်မှန်း မသိအောင်ပါပဲ။ ဘယ်လို သွားရမှန်ူး
မသိဘူးဆိုပြီး လမ်းဆုံလမ်းခွမှာပဲ ထိုင်ပြီးတော့ မိုင်တွေ၊ ငေးမော၊
လက်မိုင်ချ၊ အရူံးပေး နေတော့မလား၊ အသိပညာ၊ အတတ်ပညာတွေ ရှိပါရက်နဲ့ ဒီပညာ
တွေကို လက်တွေ. ဘ၀မှာ အသုံး မချပဲ ၊ ကျင့်သုံးမူ. မပြုပဲ ဘဝ
ပင်လယ်ပြင်ကြီးကို ကူးဖြတ်နိုင်ပါ မည်လား။ ဒီ အကြောင်းနဲ့ ပတ်သက်ပြီး
ဖတ်ဖူးထားတဲ့ အင်္ဂလိပ် ပုံပြင်လေး တပုဒ် ကို စာဖတ် သူတို.ကို
မျှဝေချင်ပါတယ်။
လော်ဂျီတွေ၊ ဆော်ဖီတွေ အများကြီး တတ်ပြီး
အောင်လက်မှတ်တွေ၊ ဘွဲ.တွေ၊ ဒီဂရီတွေ၊ အများကြီး ရထားတဲ့ ၊ ပရော်ဖက်ဆာကြီး
တစ်ယောက် အကြောင်းပေါ့။ အဲဒီ ပရောဖက်ဆာ ကြီးဟာ သူ.ရဲ့ နာမည်ရဲ့ နောက်မှာ
ဘွဲ.တွေ အရှည် ကြီး ချိတ်နိုင်လောက် အောင် ပညာတွေ သင်ထားတဲ့ ပုဂ္ဂိုလ်
တစ်ဦးပါ။ သူဟာ ပင်လယ်ပြင်မှာ လေ့လာရေး ခရီးထွက် ဖို.ရာအတွက်
မှန်ပြောင်းတွေ လေတိုင်း ကရိယာတွေ ၊ မြေပုံတွေ ၊ စတဲ့ ကိရိယာ တွေကို တပွေ.
တပိုက် ကြီးထမ်းပြီး ပင်လယ် ကမ်းခြေ ကို ဆင်းလာခဲ့ပါတယ်။ ကမ်းခြေ
ရောက်တော့ သင်္ဘောငယ် လေး တစ်စီး ငှားပြီး သင်္ဘောမောင်းတဲ့ ကပ္ပတိန် နဲ့ အတူ၊
နှစ်ယောက်သား ပင်လယ်ဘက်ကို ခရီး ထွက် ခဲ့ကြပါတယ်။
သင်္ဘောပေါ် ရောက်တော့ သင်္ဘောမောင်းတဲ့ ကပ္ပတိန်ကို ပရောဖက် ဆာကြီး က စတင်ပြီး
ဟေ့ ကပ္ပတိန်
မင်း ဒီ ပင်လယ် ကြီးထဲမှာ သင်္ဘော မောင်းနေတာဆိုတော့၊
“Have you studied oceanography? ”
“မင်း ပင်လယ် သမုဒ္ဒရာတွေ့  အကြောင်းကို လေ.လာဘူးသလား ၊ ”
အဲဒီ
အခါမှာ သင်္ဘောမောင်းတဲ့ ကပ္ပတိန်က ပရောဖက်ဆာ ကြီးပြောတဲ့ oceanography ဆိုတာ
ကျုပ်သိလည်း မသိဘူး၊ သင်လည်း မသင်ခဲ့ဖူးးပါဘူး။ သို.ပေမဲ့ “ကျုပ် ဒီပင်လယ်
ကြီးမှာမွေးပြီး ၊ ဒီပင်လယ်ကြီးမှာ ကြီးပြင်းလာတဲ့ ကောင်ပါဗျာ ၊
ဒီပင်လယ်ပြင် ကြီးထဲမှာ ကျုပ်သင်္ဘော မောင်းလာတာ နှစ်တွေ
အများကြီးရှိနေပါပြီ။ ဒါကြောင့် ကျုပ် ပင်လယ်ပြင်မှာ သဘောင်္မောင်းတဲ့
အတွေ.အကြုံ ကောင်းကောင်း တော့ ရှိပါတယ်။ ပရော်ဖက်ဆာ ကြီး သွားချင်တဲ့
နေရာကို ကျုပ် မောင်းပို.ပေး နိုင် ပါတယ်လို. ပြောလိုက်ပါတယ်။
ဒါနဲ့
ပရော်ဖက် ဆာကြီးက မင်း oceanography မသိပဲနဲ့ မင်း ပင်လယ်ထဲ သင်္ဘောမောင်း
နေတာဟာ မင်းအသက်ရဲ့ လေးပုံတစ်ပုံ သေပြီလို.သာ မှတ်လိုက်တော့ လို.ဆိုပါတယ်။
သင်္ဘော
ကပ္ပတိန်ကတော့ သူ.ယုံကြည်ချက်နဲ့ သူ သင်္ဘောကို ဆက်လက် မောင်းနှင်လို.
သွားပါတယ်။ သင်္ဘောလေးဟာ တဖြည်းဖြည်း ရေနက်ပိုင်းကို ရောက်လို.လာပါတယ်။
ကောင်းကင်ကြီး ကလည်း တဖြည်းဖြည်း မည်းလာပါတယ်။ မိုးကလည်း တဖြည်းဖြည်း
ရွာလာပါတယ်။ လေကလည်း တဖြူးဖြူး တိုက်လို. လာပါတယ်။ ဒါနဲ့ ပရောဖက်ဆာ ကြီးက
မှန်ပြောင်း ထုတ်ပြီး ကောင်းကင်ကြီး ကို ကြည့်လိုက်၊ ရေးမှတ်လိုက်၊
ရေပြင်ရဲ့ ရေအရောင် ကို ကြည့်ပြီး ရေးလိုက်၊ မှတ်လိုက် ၊သူယူလာတဲ့ ပစ္စည်း
ကရိယာတွေကို ထုတ်ပြီး မိုးလေ၀သကို သိရှိဖို. စလောင်းတွေ တပ်လိုက်၊ ဟိုဘက်
လှည့်လိုက် ဒီဘက်လှည့်လိုက် နဲ့ လုပ်နေရာကနေ သင်္ဘော ကပ္ပတိန်ဘက် လှည့်ပြီး၊
ဟေ့ ကပ္ပတိန်
“Have you studied meteorology?”
“မင်း၊ မိုးလေ၀သ အခြေအနေ ခန်.မှန်းမူ. အတတ် ကိုရော မင်း လေ.လာဘူးသလား ။ ”
ဒါနဲ့ သင်္ဘောမောင်းတဲ့ ကပ္ပတိန်က “မလေ.လာခဲ့ဖူးပါဘူး” ဒါပေမဲ့ ကောင်းကင်က
တိမ် အရောင်ကို ကြည့်ပြီး ဘယ်တိမ် ရောင် တောက်ရင် မိုးရွာမယ်။
ဘယ်တိမ်ရောင် လာရင် မုန်တိုင်းတိုက် မယ်ဆိုတာ ကျုပ် ပင်လယ်ပြင်မှာ
သင်္ဘောမောင်း လာတဲ့ အတွေ.အကြုံ အရတာ့ ကျုပ်သိပါတယ်ခင်ဗျာ လို.
ပြန်ဖြေလိုက်ပါတယ် ။
ထိုအခါ ပရော်ဖက်ဆာ ကြီးက မင်းက ရာသီဥတုတွေ
မိုးလေ၀သ အကြောင်း တွေ မသိပဲနဲ့ ပင်လယ်ပြင်ထဲမှာ အသက်မွေးဝမ်းကြောင်း
အလုပ်လုပ် နေတာဟာ မင်းအသက်ရဲ့ လေးပုံ နှစ်ပုံ သေပြီလို.သာ မှတ်လိုက်တော့။
လို.ဆိုသတဲ့
ကပ္ပတိန်လည်း ပရော်ဖက်ဆာ ကြီး ပြောသလို သေတော့မှ သေပေါ့လေ ။
ဆက်ပြိး မောင်းမှာပဲ ဆိုပြီး မလျော့တဲ့ ဇွဲနဲ့ မိမိကိုယ် မိမိ
ယုံကြည်ချက်နဲ့ သင်္ဘောကို ဆက်မောင်း သွားပါတယ်။
တဖြည်းဖြည်းနဲ့
ညအမှေင်က ကြီးစိုးလို. လာပါတယ်။ သင်္ဘော လေး ကလည်း ပင်လယ်ပင်ကြီးထဲမှာ
တော်တော်လေး ခရီးရောက်လို. လာပါတယ်။ မှောင်လာတော့ သင်္ဘောသွားတဲ့
(Direction) လမ်းကြောင်း က အရေးကြီး လာပါတယ်။ ဒါနဲ့ ပရောဖက်ဆာ ကြီးက
ဟေ့
ကပ္ပတိန် အခု “တို. အခု ရေနက်ထဲ ရောက်နေပြီ၊ ကောင်းကင် ကလည်း မှောင်လာပြီ၊
မဲလာပြီ ၊ မင်း ကောင်းကင် ကြယ်တွေ အကြောင်း ကောင်းကောင်း သိရဲ့လား၊ ”
“Have you studied Astrology?” ဆိုပြီး နောက်တစ်ခု ထပ်မေးပြန်ပါတယ်။
“မင်း နက္ခတ်ပညာ အတတ်ကို မင်းသိသလား ပေါ့လေ ”
ဒါနဲ့
သဘောင်္မောင်းတဲ့ ကပ္ပတိန်ကြီးကလည်း ၊ “ကျုပ် ဘယ်တက္ကသိုလ်မှ၊ မတက်ဖုးတဲ့
အတွက် နက္ခတ်ပညာ ဆိုတာကိုလည်း နားမလည် ပါဘူး ၊ ဒါပေမဲ့ ကျုပ် ဒီပင်လယ်
ကြီးမှာ မွေးလာတာမို. ကောင်းကင်က ကြယ်တွေကို ကြည့်ပြီး တော့ ဘယ်ကြယ်တောက်
နေရင် ဘယ်အရပ် ၊ ဆိုတာကိုတော့ ကျုပ်အတွေ. အကြုံအရ သိပါတယ်။” လို.
ပြန်ဖြေလိုက်ပါတယ်။
ပရော်ဖက်ဆာကြီးကတော့ မင်း နက္ခတ်ပညာ မတတ်ပဲ ပင်လယ်ထဲ သင်္ဘော မောင်းနေတာဟာ မင်းအသက်ရဲ့ လေးပုံသုံးပုံ သေပြီလို.သာ မှတ်လိုက်တော့။
သင်္ဘော
မောင်းတဲ့ ကပ္ပတိန် ကလည်း ပရောဖက်ဆာကြီး ပြောသမျှပဲပေါ့လေ၊ မေးသမျှလည်း
ဘာမှ မတတ်ပဲကိုး။ တတ်ထားတဲ့ အတတ်ပညာလေး နဲ့တော့ ဆက်မောင်းမှာပဲ ပေါ့လေ။
ဒီလို
နဲ့ ခရီးဆက်လာ လိုက်တာ၊ ညအမှောင် ကလည်း ထူထပ်လို. လာပါတယ်။
လေမုန်တိုင်းကလည်း ထန်လာပါတယ်။ မိုးကလည်း သည်း ထန်စွာ ရွာသွန်း
လို.လါပါတယ်။ လိုင်းအပြင်း အထန် ထလာပါတယ်။ တစ္ခ်ိန္ထဲမွာပဲ သေဘာၤၾကီးဟာ
ကျောက်ဆောင် ကြီးကို လည်း ၀င်တိုက် လိုက်ပါ တော့တယ်။ ဒါနဲ့ သင်္ဘောဝမ်း
ကွဲထွက်ပြီး သဘောင်္ထဲကို ရေတွေ ဒလဟော ၀င်လာပါတယ်။ မကြာခင် သင်္ဘော
တစီးလုံးနစ်မြုတ်ဖို. ပဲကျန်ပါတော.တယ်။ အဲဒီအချိန်မှာ ပရောဖက်ဆာကြီးဟာ
သူ.အခန်းထဲမှာ သူကရိယာတွေ ထိန်းပြီး မလူပ်မရှက်နဲ့ ချွေးပြန်ပြီး
ကြောက်လို. နေပါတော့ တယ်။
အဲဒီအချိန်ခါမှာ ကပ္ပတိန်က ပရော်ဖက်ဆာကြီး ရှိရာ အမြန် ပြေးလာပြီး ၊
ဗျို.၊
ဗျို. ပရောဖက်ဆာ ကြီး။ မကြာခင် ကျုပ်တို. သင်္ဘောမြုတ် တော့မယ်ဗျ၊ “Have you
studied Swimology? ” ဆိုပြီး ထိပ်ထိပ်ပြာပြာ မေးလိုက်ပါတယ်။
ပရော်ဖက်ဆာကြီး
ကလည်း ၊ Swimology ဆိုတာ ဘာလဲကွ “ငါပညာတွေ ဒီလောက်သင် လာတာ မင်းပြောတဲ့
Swimology ဆိုတာ ကြားလည်း မကြားဖူးပါဘူး၊ သင်လည်း မသင်ခဲ့ ဖူးပါဘူး၊
ရှိလည်း မရှိပါဘူးကွာ၊ ” လို. ပြောပါတယ်။ ထိုအခါမှာတော့ သင်္ဘောမောင်းတဲ့
ကပ္ပတိန်က swimology ဆိုတာ ရေးကူးတဲ့ အတတ်ပညာ ကိုပြောတာပါဗျာ။ ပရော်ဖက်ဆာ
ကြီးက အော်လော်ဂျီပေါင်း များစွာ ကျုပ်ကို မေးနေတော့ ၊ ကျုပ်ကလည်း
အော်လော်ဂျီ ထည့်ပြီး မေးလိုက်မိတာပါ။ ပရော်ဖက်ဆာကြီး swimology မတတ်
ဘူးဆိုရင်တော့ ပရောဖက်ဆာကြီး ရဲ့ ၊ အသက်လုံးလုံး ကြီး သေပြီသာ မှတ်ပေတော့
လို.ပြောလိုက် ပါတော့တယ်။
ထိုအခါ ပရော်ဖက်ဆာကြီးက ၊ အေးကွာ
ငါအော်လော်ဂျီတွေ ဒီဂရီတွေ ဘွဲ.တွေ အများကြီး ရထားပေမဲ့ ရေကူးတဲ့ အတတ်ပညာ
swimology ကို တော့ မတတ် မြောက်ခဲ့တဲ့ အတွက် ငါအသက်ဆုံးရူံး ရတော့မယ်
ဆိုပြီး သဘောင်္နဲ့အတူ ပရောဖက်ဆာ ကြီးလည်း နစ်မြုတ် သွားပါတော့တယ်။
ဘာလော်ဂျီမှ
မတတ်ပဲနဲ့ ပင်လယ်ထဲမှာ မွေးလာတဲ့ သင်္ဘော ကပ္ပတိန်က ရေကူး အတတ် ပညာနဲ့ အေးအေး
ဆေးဆေး ပင်လယ်ပြင်ကြီးကို ကူးပြီးတော့ ကမ်းပေါ်တက် သွားပါတော့တယ်။
ဒီပုံပြင်လေး
ထဲက သဘောင်္မောင်းတဲ့ ကပ္ပတိန်ဟာ ဘာပညာမှ မတတ်ပေမဲ့ သူ.ကိုသူ ယုံကြည်မူ.
အပြည့်ရှိပါတယ်။ အဲဒီ ယုံကြည်ချက်နဲ့ သင်္ဘောကြီး မြုတ်သွားပေမဲ့ ဟိုဘက်ကမ်း
ရောက်အောင် ကူးခတ်နိုင်ခဲ့ပါတယ်။
ဘ၀ဆိုတာ ပင်လယ် ကြီးလိုပါပဲ၊
ကျယ်လည်း ကျယ်တယ် ၊ နက်လည်း နက်တယ်။ ဟိုဘက်ကမ်းလည်း မြင်ဖို.ခက်ပါတယ် ၊
ဒီဘက်ကမ်း မှာကျတော့ လည်း ရပ်တည်ဖို. ခက်ပါတယ်။ လိုင်းတံပိုးတွေ၊
မုန်တိုင်း တွေ၊ထန်တဲ့ ပင်လယ် ကြီးကို ကျော်ဖြတ်ဖို. တော်တော် ခက်တယ်၊
သို. ပေမဲ့ ယုံကြည်ချက် ရှိတဲ့သူ အတွက်ကတော့ ဘယ်လောက်ပဲ လိုင်းတွေထူထပ်
ထူထပ်၊ ကူးခတ် နိုင်ပါတယ်။
ထို.အတူပါပဲ ။ ကမ္ဘာကြီးရွာ ကြီးထဲမှာ
သုံးနေတဲ့ ဝေါဟာရတွေကို တို.ရွာက လူတွေ နားမလည် ပေမဲ့ အားငယ်နေစရာ
မလိုပါဘူး ၊ ပညာခေတ် ဆိုပြီး ဘွဲ.တွေ၊ ဒီဂရီတွေ အများကြီး ရထားတဲ့
သူတွေကို ကြည့်ပြီးတော့လည်း တို.ဒါတွေ အများကြီး သင်ရဦးမှာ
ပါလားဆိုပြီးလည်း အားငယ်နေစရာ မလိုပါဘူး။ ပညာဆိုတာ စာပေသင်ကြားရုံ၊ စာအုပ်
စာတမ်းဖတ်ရုံ နဲ့ မလုံလောက်ပါဘူး။ စာသိ သာမက မိမိ ဘoမှာ လက်တွေ
ကျင့်သုံးပြီး ဘ၀ကျောင်းမှရတဲ့ ပညာတွေကို လည်း သင်ယူကြရမှာပါ။ ဘွဲ.ရ
ပညာတတ် ဆိုပြီး ကိုယ်တတ်ထားတဲ့ ပညာတွေကို လက်တွေ. ဘ၀မှာ အသုံးချ မူ.
အရှိဘူးဆိုရင် ပုံပြင်ထဲက ပရော်ဖက်ဆာ ကြီးလိုပဲ ဘ၀တစ်ခုလုံး သေ
သွားပါလိမ့်မယ်။
ဒါကြောင့် နည်းပညာတွေ ရဲ့ အစွှမ်း သတ္တိ အောက်မှာ
Globalization ခေတ်ကြီး ထဲမှာ Global Village ကသုံးနူန်းကြတဲ့ ဝေါဟာရတွေ
နားလည်ချင် လည်း နားလည် ကြပါလိမ့်မယ်။ ဝေါဟာရအတိုင်း နားလည်သည် ဖြစ်စေ၊
နားမလည် သည်ဖြစ်စေ ၊ ဒီဝေါဟာရ စကားလုံးတွေကို သိချင်လည်း သိ ၊ မသိချင်လည်း
နေပါ။ ကိုယ်သွားချင်တဲ့၊ သွားလိုတဲ့ မိမိရဲ့ ပန်းတိုင်ကို ကိုယ့် အစွမ်း
အစနဲ့ ၊ ကိုယ့် ယုံကြည်ချက်နဲ့ ၊ ကိုယ့်အကျင့်ကိုယ် ကျင့်ပြီး၊
ကိုယ့်လမ်းကိုယ် အရောက် သွားနိုင်ဖို.သာ အဓိကပါပဲ ။
အသိဥာဏ် ပညာနဲ့ လက်တွေ.ကျင့်သုံးမူ. ကို အခြေခံပြီး မိမိကိုယ်မိမိ
ယုံကြချက်ဖြင့် ဘ၀ ပင်လယ်ကြီး ကို ကူးဖြတ် ကျော်လွှားနိုင် ကြပါစေ ။
မေတ္တာဖြင့်။
မေစိုး (ရွှေမန္တလေး)
ဤဆောင်းပါးသည် မလေးရှားနိုင်ငံမှ ထုတ်ဝေသော အပြင်စီး - မဂ္ဂဇင်း ဇန္န၀ါရီလထုတ်တွင် ဖော်ပြပြီး ဖြစ်ပါသည်။ http://www.myshwemandalay.com/2012/03/blog-post_11.html မှကူးယူဖော်ပြပါသည်။